"Facebook ပေါ်မှာ Official တွဲခဲ့ကြတယ်"
Facebook ပေါ်မှာ Official တွဲခဲ့ကြတယ်
Couple ပုံတွေ 2ရက်တစ်ခါ တင်ဖြစ်ခဲ့ကြတယ်
Password တွေ အပြန်အလှန်ပေးခဲ့ကြတယ်
Tag တွဲပြီး သတိရတဲ့အကြောင်း ပြောခဲ့ကြတယ်
ရေစက်ကုန်တော့ Block&Unfri ဖြစ်ကုန်တာပါပဲ။
အသစ်ထွက်သမျှရုပ်ရှင် မလွတ်တမ်းကြည့်ခဲ့ကြတယ်
Centre တွေဘက် ခြေတိုအောင် Run ခဲ့ကြတယ်
ဟော့ပေါ့&အသားကင် အန်ထွက်အောင် စားခဲ့ကြတယ်
ရောက်လေရာဘုရား အတူတူဦးတော်လုပ်ခဲ့ကြတယ်
ဖူးစာမပါပြန်တော့လည်း နှုတ်ဆက်ကွဲကွာရတာပါပဲ။
ဗိုက်ဆာတယ်ပြောရင် ချက်ချင်းလာပို့ပေးတတ်တယ်
Bills မရှိဘူးပြောရင် မကြာဘူးလှမ်းလွှဲပေးတတ်တယ်
ကားလမ်းကူးရင် စိတ်မချလို့ နေရာလဲပေးတတ်တယ်
နေမကောင်းတဲ့အခါ အသေအလဲဂရုစိုက်ပေးတယ်
အချိန်တန်တော့လည်း ပြတ်ခဲ့ကြရတာပါပဲ။
အသဲတစ်ခြမ်း ကလီစာတစ်မျှင်တွေ ခေါ်ခဲ့ကြဖူးတယ်
ဘော်ဒါတွေကြားထဲ လက်ဆွဲ ကြွားပြခဲ့ဖူးတယ်
မိဘဆွေမျိုးအသိုင်းအဝိုင်းထဲအထိ ခရီးရောက်ခဲ့ဖူးတယ်
ရွာဦးကျောင်းက ဘုန်းဘုန်းပါမချန် အပူကပ်ခဲ့ဖူးတယ်
သည်းမခံနိုင်တဲ့အဆုံး မြန်မာဘီယာ ကံစမ်းမဲလို
ကျေးဇူးတင်ပါတယ်တစ်ခွန်းနဲ့ တာ့တာလုပ်ကြတာပါပဲ။
နှင်းဆီပန်းကြားထဲ စိန်လက်စွပ်ထည့် ရိုဆန်ပြတယ်
မွေးနေ့ည 12.အတိမှာ အိမ်ရှေ့ထိအရောက်လာပြီး
Surprise လှလှလေး လုပ်ပြတယ်
လူကြားထဲ ဒူးထောက် Propose လုပ်ပြခဲ့တယ်
မကြာခင်မှာပဲ မခေါ်မပြောဖြစ်ရင်း ဝေးသွားကြတာပါပဲ။
ဘယ်လောက်ကြာရင် အတူနေမှာ ကတိထားခဲ့တယ်
Sedona & Shangrila နေရာရွေးခဲ့ကြတယ်
ဟန်းနီးမွန်းခရီး Plan ကြိုဆွဲထားခဲ့ကြတယ်
ဖိတ်စာ ဘာအရောင်ကအစ တိုင်ပင်ခဲ့ကြတယ်
မာနတွေယှဉ်ပြိုင်မိရင်းကနေ လမ်းခွဲခဲ့ကြတာပါပဲ။
3.နှစ်တိတိ အတူရှိခဲ့တယ်နော်
ဘေးစကား 3.ခွန်းထဲနဲ့ ပြတ်တယ်။
5.နှစ်တောင် မြဲခဲ့ကြတယ်နော်
Mpt free 5.mins ထဲနဲ့ ပြီးပါပြီ စာတန်းထိုးတယ်။
7.နှစ်မကလို့ 10.နှစ်ထိ တွဲခဲ့ဦး
မက်ဆေ့ချ်တစ်စောင်လောက်နဲ့ ဇာတ်သိမ်းတယ်လေ။
Anni တွေ ဘယ်လောက်ပဲ ကျော်ဖြတ်ခဲ့
အချိန်အကြာကြီး အတူတူ လက်လက်ထခဲ့
တစ်ဘဝစာပုံအောပြီး ရင်းနှီးမြုပ်နှံထားခဲ့
စိတ်မချရပါဘူး...
ဘာမဟုတ်တဲ့ Case ကနေ အစပြု ပြီး
အပျက်ပျက်နဲ့နှာခေါင်းသွေးထွက် ပြတ်ပါတယ်။
မြဲတဲ့အတွဲကျ မြဲကိုမြဲပါတယ်
အဖျက်ပေါလေ ပိုခိုင်မြဲလာလေ
အတားအဆီးများလေ ပိုနီးစပ်လာလေပါပဲ။
ချစ်လို့ပဲ လက်တွဲလာခဲ့ကြသေးတာ
ထစ်ခနဲရှိ လမ်းခွဲစကား မပြောကြပါနဲ့...
အသဲယားလို့ပဲ အတူရှိခဲ့ကြတာ
မာနတွေထား မခေါ်မပြော မလုပ်ကြပါနဲ့...
တန်ဖိုးထားလို့ပဲ ချစ်ခွင့်ပန်ခဲ့ကြတာ
ဂရုမစိုက် ပစ်ထားတာမျိုး မဖြစ်ပါစေနဲ့...
အလိုက်မသိဘူး ပြောရအောင်
သင့်ဘေးကချစ်သူက
အကြားအမြင်ရနေတာမှ မဟုတ်တာ။
နားမလည်ဘူး ပြောရအောင်
သင့်ချစ်သူက
Super Power ရထားတာမှ မဟုတ်တာ။
စိတ်ထဲ တေးမှတ်မထားပါနဲ့
ပြဿ နာတစ်ခုကို ပုံကြီးမချဲ့ပါနဲ့
အဆုံးသတ် လမ်းခွဲစကား မဆိုပါနဲ့
တစ်ယောက်က အလျှော့ပေး ရတာပဲလေ။
သူများတွေ သင့်ကို ဂရုစိုက်ပေးတယ်ဆိုတာ
သင့်ချစ်သူ အိပ်နေတုန်းယောင်ပြီး
ထွက်တဲ့စကားလောက်ရှိတာပါ။
သူများတွေ သင့်ကို သဲသဲလှုပ်ကြွေတယ်ဆိုတာ
သင့်ချစ်သူ သင့်ကို စိတ်နာနေသလောက်ရှိတာပါ။
သူများတွေ သင့်ကို ချစ်တယ်ဆိုတာ
သင့်ချစ်သူ သင့်ကို မုန်းနေသလောက်ရှိတာပါ။
သင့်ဘဝမှာ ခုလက်ရှိချစ်သူလောက်
အနစ်နာခံ အနွံတာခံ အပြောအဆိုခံပြီး
မခွဲမခွာ ရှိပေးတဲ့သူမျိုး ထပ်မရနိုင်တော့ပါဘူး။
နောင်တရရင် ခုချက်ချင်း ထပြင်ဆင်လိုက်ပါ
သင့်ချစ်သူကို ထွက်သွားခွင့်မပေးမိပါစေနဲ့
ဆုံးရှုံးမှုတန်ဖိုးက သိပ်ကြီးမားနေတတ်လို့ပါလေ။ ။
Credit:SisThetZaw
Photo:Fb
Unicode version
"Facebook ေပၚမွာ Official တြဲခဲ့ၾကတယ္"
Facebook ေပၚမွာ Official တြဲခဲ့ၾကတယ္
Couple ပုံေတြ 2ရက္တစ္ခါ တင္ျဖစ္ခဲ့ၾကတယ္
Password ေတြ အျပန္အလွန္ေပးခဲ့ၾကတယ္
Tag တြဲၿပီး သတိရတဲ့အေၾကာင္း ေျပာခဲ့ၾကတယ္
ေရစက္ကုန္ေတာ့ Block&Unfri ျဖစ္ကုန္တာပါပဲ။
အသစ္ထြက္သမွ်႐ုပ္ရွင္ မလြတ္တမ္းၾကည့္ခဲ့ၾကတယ္
Centre ေတြဘက္ ေျခတိုေအာင္ Run ခဲ့ၾကတယ္
ေဟာ့ေပါ့&အသားကင္ အန္ထြက္ေအာင္ စားခဲ့ၾကတယ္
ေရာက္ေလရာဘုရား အတူတူဦးေတာ္လုပ္ခဲ့ၾကတယ္
ဖူးစာမပါျပန္ေတာ့လည္း ႏႈတ္ဆက္ကြဲကြာရတာပါပဲ။
ဗိုက္ဆာတယ္ေျပာရင္ ခ်က္ခ်င္းလာပို႔ေပးတတ္တယ္
Bills မရွိဘူးေျပာရင္ မၾကာဘူးလွမ္းလႊဲေပးတတ္တယ္
ကားလမ္းကူးရင္ စိတ္မခ်လိဳ႕ ေနရာလဲေပးတတ္တယ္
ေနမေကာင္းတဲ့အခါ အေသအလဲဂ႐ုစိုက္ေပးတယ္
အခ်ိန္တန္ေတာ့လည္း ျပတ္ခဲ့ၾကရတာပါပဲ။
အသဲတစ္ျခမ္း ကလီစာတစ္မွ်င္ေတြ ေခၚခဲ့ၾကဖူးတယ္
ေဘာ္ဒါေတြၾကားထဲ လက္ဆြဲ ႂကြားျပခဲ့ဖူးတယ္
မိဘေဆြမ်ိဳးအသိုင္းအဝိုင္းထဲအထိ ခရီးေရာက္ခဲ့ဖူးတယ္
႐ြာဦးေက်ာင္းက ဘုန္းဘုန္းပါမခ်န္ အပူကပ္ခဲ့ဖူးတယ္
သည္းမခံနိုင္တဲ့အဆုံး ျမန္မာဘီယာ ကံစမ္းမဲလို
ေက်းဇူးတင္ပါတယ္တစ္ခြန္းနဲ႕ တာ့တာလုပ္ၾကတာပါပဲ။
ႏွင္းဆီပန္းၾကားထဲ စိန္လက္စြပ္ထည့္ ရိုဆန္ျပတယ္
ေမြးေန႕ည 12.အတိမွာ အိမ္ေရွ႕ထိအေရာက္လာၿပီး
Surprise လွလွေလး လုပ္ျပတယ္
လူၾကားထဲ ဒူးေထာက္ Propose လုပ္ျပခဲ့တယ္
မၾကာခင္မွာပဲ မေခၚမေျပာျဖစ္ရင္း ေဝးသြားၾကတာပါပဲ။
ဘယ္ေလာက္ၾကာရင္ အတူေနမွာ ကတိထားခဲ့တယ္
Sedona & Shangrila ေနရာေ႐ြးခဲ့ၾကတယ္
ဟန္းနီးမြန္းခရီး Plan ႀကိဳဆြဲထားခဲ့ၾကတယ္
ဖိတ္စာ ဘာအေရာင္ကအစ တိုင္ပင္ခဲ့ၾကတယ္
မာနေတြယွဥ္ၿပိဳင္မိရင္းကေန လမ္းခြဲခဲ့ၾကတာပါပဲ။
3.ႏွစ္တိတိ အတူရွိခဲ့တယ္ေနာ္
ေဘးစကား 3.ခြန္းထဲနဲ႕ ျပတ္တယ္။
5.ႏွစ္ေတာင္ ၿမဲခဲ့ၾကတယ္ေနာ္
Mpt free 5.mins ထဲနဲ႕ ၿပီးပါၿပီ စာတန္းထိုးတယ္။
7.ႏွစ္မကလို႔ 10.ႏွစ္ထိ တြဲခဲ့ဦး
မက္ေဆ့ခ်္တစ္ေစာင္ေလာက္နဲ႕ ဇာတ္သိမ္းတယ္ေလ။
Anni ေတြ ဘယ္ေလာက္ပဲ ေက်ာ္ျဖတ္ခဲ့
အခ်ိန္အၾကာႀကီး အတူတူ လက္လက္ထခဲ့
တစ္ဘဝစာပုံေအာၿပီး ရင္းႏွီးျမဳပ္ႏွံထားခဲ့
စိတ္မခ်ရပါဘူး...
ဘာမဟုတ္တဲ့ Case ကေန အစျပဳ ၿပီး
အပ်က္ပ်က္နဲ႕ႏွာေခါင္းေသြးထြက္ ျပတ္ပါတယ္။
ၿမဲတဲ့အတြဲက် ၿမဲကိုၿမဲပါတယ္
အဖ်က္ေပါေလ ပိုခိုင္ၿမဲလာေလ
အတားအဆီးမ်ားေလ ပိုနီးစပ္လာေလပါပဲ။
ခ်စ္လို႔ပဲ လက္တြဲလာခဲ့ၾကေသးတာ
ထစ္ခနဲရွိ လမ္းခြဲစကား မေျပာၾကပါနဲ႕...
အသဲယားလို႔ပဲ အတူရွိခဲ့ၾကတာ
မာနေတြထား မေခၚမေျပာ မလုပ္ၾကပါနဲ႕...
တန္ဖိုးထားလို႔ပဲ ခ်စ္ခြင့္ပန္ခဲ့ၾကတာ
ဂ႐ုမစိုက္ ပစ္ထားတာမ်ိဳး မျဖစ္ပါေစနဲ႕...
အလိုက္မသိဘူး ေျပာရေအာင္
သင့္ေဘးကခ်စ္သူက
အၾကားအျမင္ရေနတာမွ မဟုတ္တာ။
နားမလည္ဘူး ေျပာရေအာင္
သင့္ခ်စ္သူက
Super Power ရထားတာမွ မဟုတ္တာ။
စိတ္ထဲ ေတးမွတ္မထားပါနဲ႕
ျပႆ နာတစ္ခုကို ပုံႀကီးမခ်ဲ့ပါနဲ႕
အဆုံးသတ္ လမ္းခြဲစကား မဆိုပါနဲ႕
တစ္ေယာက္က အေလွ်ာ့ေပး ရတာပဲေလ။
သူမ်ားေတြ သင့္ကို ဂ႐ုစိုက္ေပးတယ္ဆိုတာ
သင့္ခ်စ္သူ အိပ္ေနတုန္းေယာင္ၿပီး
ထြက္တဲ့စကားေလာက္ရွိတာပါ။
သူမ်ားေတြ သင့္ကို သဲသဲလႈပ္ေႂကြတယ္ဆိုတာ
သင့္ခ်စ္သူ သင့္ကို စိတ္နာေနသေလာက္ရွိတာပါ။
သူမ်ားေတြ သင့္ကို ခ်စ္တယ္ဆိုတာ
သင့္ခ်စ္သူ သင့္ကို မုန္းေနသေလာက္ရွိတာပါ။
သင့္ဘဝမွာ ခုလက္ရွိခ်စ္သူေလာက္
အနစ္နာခံ အႏြံတာခံ အေျပာအဆိုခံၿပီး
မခြဲမခြာ ရွိေပးတဲ့သူမ်ိဳး ထပ္မရနိုင္ေတာ့ပါဘူး။
ေနာင္တရရင္ ခုခ်က္ခ်င္း ထျပင္ဆင္လိုက္ပါ
သင့္ခ်စ္သူကို ထြက္သြားခြင့္မေပးမိပါေစနဲ႕
ဆုံးရႈံးမႈတန္ဖိုးက သိပ္ႀကီးမားေနတတ္လို႔ပါေလ။ ။
Credit:SisThetZaw
Photo:Fb
Zawgyi version
Sunday, December 24, 2017
"Facebook ပေါ်မှာ Official တွဲခဲ့ကြတယ်"
Subscribe to:
Post Comments (Atom)
generalknowledge456.blogspot.com
PQ - IQ - EQ - SQ - CQ ဉာဏ္ရည္ထက္ျမက္မႈငါးရပ္ -------------------------------- လူတစ္ေယာက္ရဲ႕ ဉာဏ္ရည္ထက္ျမက္မႈကုိ သာမန္အားျဖင့္ (IQ) နဲ႔တု...
-
မြေခွေး နှင့် ကျီးကန်း ✏ ✏ ✏ ✏ ✏ ✏ တစ်ခါတုန်းက ... ကျီးကန်းတစ်ကောင်ဟာ အမဲသားတစ်တစ်တုံးကို ချီပြီး သစ်ပင်ပေါ်မှာနားနေသတဲ့ ... အဲဒီအချိန...
-
"သူကြီးဘုရား ရွာသားကောင်းမှု” ရှေးအခါက ရွာလေးတစ်ရွာတွင် ကိုးကွယ်စရာဘုရားစေတီ မရှိသောကြောင့် ရွာအတွင်းမှ လူငယ်တစ်စုဟာ ဖူးမြော်ကိုးကွယ်...
-
"ဆောင်းဥတုတွင် ရေချိုးရမည့်အချိန်" ========================= ဆောင်းဥတုတွင် အေးသည်ဟု ဆိုကာ ရေမချိုးဘဲ မနေသင့်ပေ။ အအေးပတ်မည် စိုးသ...
No comments:
Post a Comment