Saturday, December 23, 2017

သူကြီးဘုရား ရွာသားကောင်းမှု

"သူကြီးဘုရား ရွာသားကောင်းမှု”

ရှေးအခါက ရွာလေးတစ်ရွာတွင်
ကိုးကွယ်စရာဘုရားစေတီ မရှိသောကြောင့်
ရွာအတွင်းမှ လူငယ်တစ်စုဟာ ဖူးမြော်ကိုးကွယ်စရာ စေတီဘုရားတစ်ဆူ တည်ထားကိုးကွယ်ရန် တိုင်ပင်၍ ရွာသူရွာသား အပေါင်းတို့အား လိုက်လံတိုက်တွန်းနိုးဆော်ကြလေသည်။

   ရွာသားအပေါင်းတို့လဲ ဗုဒ္ဓဘာသာဝင်များပီပီ အားလုံးကအားတက်သရော ဝိုင်းဝန်းထောက်ခံကြသည်။
ဒါနဲ့လူတစ်စုလဲ ရွာသူရွာသားများတို့၏
ဆင်းဆင်းရဲရဲလုပ်ကိုင်ရှာဖွေရာမှ မိမိတို့၏
ချွေးနဲစာလေးတို့ဖြင့် လှူဒါန်းထားသော
ငွေတစ်စုကိုင်ကာ သူကြီးလုပ်သူအား
ဘုရားတစ်ဆူတည်ထားကိုးကွယ်မည့်အကြောင်း ပြောကြလေသည်။
    သူကြီးလုပ်သူလဲ ရွာသားတို့၏စေတနာ
ထက်သန်စွာ လှူဒါန်းထားသောငွေကိုယူကာ
သူသဘောတူကြောင်းထောက်ခံလေသည်။
    ရွာသူရွာသား အပေါင်းတို့လဲ ငွေပါဝင်
လှူဒါန်းရုံသည်မဟုတ် စေတီတည်သောအခါ
အားတက်သရော လုပ်အားဒါနပြုကြလေသည်။ သူကြီးလုပ်သူကတော့ ရေနွေးကြမ်းလေး သောက်လိုက် အမြည်းလေးစားလိုက်နဲ့
အုတ်တစ်ချပ်၊သဲတစ်ပွင့်တောင် လုပ်အား
ဒါနမပြုပေ။
   ဒီလိုနဲ့ ဘုရားတည်ပြီးသောအခါ ထီးတော်တင်ရေစက်ချပြုကြလေသည်။ရွာသားများ၏စေတနာသည် အံ့သြချီးမွမ်းစရာ
ကောင်းလှသည်။စားစရာ မရှိချင်နေပါစေ
ဘုရားစေတီအတွက်လိုအပ်သမျှငွေကြေးကို
ခြစ်ခြုတ်လှူဒါန်းကြသည်။ထို့ကြောင့်
သူကြီးလုပ်သူလဲ တစ်ကျပ်တစ်ပြားမှ
လှူဒါန်းစရာမလိုတော့ပေ။
      အောင်မြင်စွာတည်ထားကိုကွယ်လိုက်သော ရွာဦးစေတီကား အင်မတန်ကြည်ညိုစရာ
ကောင်းလှသည်။ရွာသားများ၏ ပျော်ရွှင်ခြင်းကို ကြည့်ကာ ဦးစီလုပ်ကိုင်သောလူတစ်စုလဲ
ဝမ်းသာပီတီဖြစ်ပြီး အပြုံးကိုယ်စီနဲ့ပေါ့။
သူတို့ထက်ပိုပြီး ပျော်နေသူကား သူကြီးပင်။
ရွာ၏ဂုဏ်ကိုဆောင်ရုံပင်မဟုတ်၊ သူကြီးရဲ့
ဂုဏ်ကိုယ်ပါ မြင့်နိုင်သည့်မို့ အားရဝမ်းသာ
မဆုံး တပြုံးပြုံးဖြစ်လို့နေသည်။
ဒီထက်ပိုပျော်စရာကောင်းသည်က တစ်ပြားမှ
လှူဒါန်းခြင်းမပြုရပါပဲ၊ အုတ်တစ်ချပ်၊သဲတစ်ပွင့်တောင် မှ မကိုင်ရပါပဲ ရွာသားတို့၏
စေတနာသဒ္ဒါတရားကိုအသုံးပြုကာ မိမိဂုဏ်
သိက္ခာမြင့်မားရေးအတွက် နောက်လာနောက်သားများ သိရှိစေရန် ဘုရားစေတီ၏ မုဒ်ဝ၌

"""" သူကြီးဘုရား'''''''ဟူသောဆိုင်းဘုတ်
အကြီးကြီးတင်လိုက်လေတော့သည်။ ရွာသားတို့လဲ ဆိုင်းဘုတ်ကိုဖတ်ကာ သူကြီးဘုရား ဆိုပါလားဟုသာ
ရေရွတ်ကြကုန်တော့သည်။
     ရွာသားတို့၏ အလှူငွေ၊ လုပ်အားတို့၏
ကောင်းမှုအစုစုသည် ဘာမှမလုပ်ရသော
သူကြီးဘုရားဟုသာ အမည်တွင်သွားတော့သည်။

နာမည်တွင်တော့
...သူကြီးဘုရား ....

တကယ်တမ်း
ရွာသားကောင်းမှု......

ထို့ကြောင့်..

သူကြီးဘုရား...ရွာသားကောင်းမှုစကားပုံ
ထဲကသူကြီးလို အချောင်သမားပုဂ္ဂိုလ်ကြီးများသင့်ပတ်ဝန်းကျင်၌ တွေ့ခဲ့ပါက

အများကောင်းကျိုး သယ်ပိုးနေကြကုန်သော
သူတော်ကောင်းတို့ရေ...
ကိုယ့်စေတနာအတိုင်း ကိုယ်အကျိုးပေးမည်မို့
သည်ခံစိတ်လေးမွေးကာ
သာဓု ....သာခေါ်လိုက်ကြပါကုန်လော့...

မေတ္တာဖြင့်သာ ရေးသားပါသည်။

Credit - Han Tun Aung (p.ku)

Unicode version


ေရွးအခါက ႐ြာေလးတစ္႐ြာတြင္
ကိုးကြယ္စရာဘုရားေစတီ မရွိေသာေၾကာင့္
႐ြာအတြင္းမွ လူငယ္တစ္စုဟာ ဖူးေျမာ္ကိုးကြယ္စရာ ေစတီဘုရားတစ္ဆူ တည္ထားကိုးကြယ္ရန္ တိုင္ပင္၍ ႐ြာသူ႐ြာသား အေပါင္းတို႔အား လိုက္လံတိုက္တြန္းနိုးေဆာ္ၾကေလသည္။

   ႐ြာသားအေပါင္းတို႔လဲ ဗုဒၶဘာသာဝင္မ်ားပီပီ အားလုံးကအားတက္သေရာ ဝိုင္းဝန္းေထာက္ခံၾကသည္။
 ဒါနဲ႕လူတစ္စုလဲ ႐ြာသူ႐ြာသားမ်ားတို႔၏
ဆင္းဆင္းရဲရဲလုပ္ကိုင္ရွာေဖြရာမွ မိမိတို႔၏
ေခြၽးနဲစာေလးတို႔ျဖင့္ လႉဒါန္းထားေသာ
ေငြတစ္စုကိုင္ကာ သူႀကီးလုပ္သူအား
ဘုရားတစ္ဆူတည္ထားကိုးကြယ္မည့္အေၾကာင္း ေျပာၾကေလသည္။
    သူႀကီးလုပ္သူလဲ ႐ြာသားတို႔၏ေစတနာ
ထက္သန္စြာ လႉဒါန္းထားေသာေငြကိုယူကာ
သူသေဘာတူေၾကာင္းေထာက္ခံေလသည္။
    ႐ြာသူ႐ြာသား အေပါင္းတို႔လဲ ေငြပါဝင္
လႉဒါန္း႐ုံသည္မဟုတ္ ေစတီတည္ေသာအခါ
အားတက္သေရာ လုပ္အားဒါနျပဳၾကေလသည္။ သူႀကီးလုပ္သူကေတာ့ ေရေႏြးၾကမ္းေလး ေသာက္လိုက္ အျမည္းေလးစားလိုက္နဲ႕
အုတ္တစ္ခ်ပ္၊သဲတစ္ပြင့္ေတာင္ လုပ္အား
ဒါနမျပဳေပ။
   ဒီလိုနဲ႕ ဘုရားတည္ၿပီးေသာအခါ ထီးေတာ္တင္ေရစက္ခ်ျပဳၾကေလသည္။႐ြာသားမ်ား၏ေစတနာသည္ အံ့ၾသခ်ီးမြမ္းစရာ
ေကာင္းလွသည္။စားစရာ မရွိခ်င္ေနပါေစ
ဘုရားေစတီအတြက္လိုအပ္သမွ်ေငြေၾကးကို
ျခစ္ျခဳတ္လႉဒါန္းၾကသည္။ထို႔ေၾကာင့္
သူႀကီးလုပ္သူလဲ တစ္က်ပ္တစ္ျပားမွ
လႉဒါန္းစရာမလိုေတာ့ေပ။ 
      ေအာင္ျမင္စြာတည္ထားကိုကြယ္လိုက္ေသာ ႐ြာဦးေစတီကား အင္မတန္ၾကည္ညိုစရာ
ေကာင္းလွသည္။႐ြာသားမ်ား၏ ေပ်ာ္႐ႊင္ျခင္းကို ၾကည့္ကာ ဦးစီလုပ္ကိုင္ေသာလူတစ္စုလဲ
ဝမ္းသာပီတီျဖစ္ၿပီး အၿပဳံးကိုယ္စီနဲ႕ေပါ့။
သူတို႔ထက္ပိုၿပီး ေပ်ာ္ေနသူကား သူႀကီးပင္။
႐ြာ၏ဂုဏ္ကိုေဆာင္႐ုံပင္မဟုတ္၊ သူႀကီးရဲ႕
ဂုဏ္ကိုယ္ပါ ျမင့္နိုင္သည့္မို႔ အားရဝမ္းသာ
မဆုံး တၿပဳံးၿပဳံးျဖစ္လို႔ေနသည္။
ဒီထက္ပိုေပ်ာ္စရာေကာင္းသည္က တစ္ျပားမွ
လႉဒါန္းျခင္းမျပဳရပါပဲ၊ အုတ္တစ္ခ်ပ္၊သဲတစ္ပြင့္ေတာင္ မွ မကိုင္ရပါပဲ ႐ြာသားတို႔၏
ေစတနာသဒၵါတရားကိုအသုံးျပဳကာ မိမိဂုဏ္
သိကၡာျမင့္မားေရးအတြက္ ေနာက္လာေနာက္သားမ်ား သိရွိေစရန္ ဘုရားေစတီ၏ မုဒ္ဝ၌

"""" သူႀကီးဘုရား'''''''ဟူေသာဆိုင္းဘုတ္
အႀကီးႀကီးတင္လိုက္ေလေတာ့သည္။ ႐ြာသားတို႔လဲ ဆိုင္းဘုတ္ကိုဖတ္ကာ သူႀကီးဘုရား ဆိုပါလားဟုသာ
ေရ႐ြတ္ၾကကုန္ေတာ့သည္။
     ႐ြာသားတို႔၏ အလႉေငြ၊ လုပ္အားတို႔၏
ေကာင္းမႈအစုစုသည္ ဘာမွမလုပ္ရေသာ
သူႀကီးဘုရားဟုသာ အမည္တြင္သြားေတာ့သည္။

နာမည္တြင္ေတာ့
...သူႀကီးဘုရား ....

တကယ္တမ္း
႐ြာသားေကာင္းမႈ......

ထို႔ေၾကာင့္..

သူႀကီးဘုရား...႐ြာသားေကာင္းမႈစကားပုံ
ထဲကသူႀကီးလို အေခ်ာင္သမားပုဂၢိဳလ္ႀကီးမ်ားသင့္ပတ္ဝန္းက်င္၌ ေတြ႕ခဲ့ပါက

အမ်ားေကာင္းက်ိဳး သယ္ပိုးေနၾကကုန္ေသာ
သူေတာ္ေကာင္းတို႔ေရ...
ကိုယ့္ေစတနာအတိုင္း ကိုယ္အက်ိဳးေပးမည္မို႔
သည္ခံစိတ္ေလးေမြးကာ
သာဓု ....သာေခၚလိုက္ၾကပါကုန္ေလာ့...

ေမတၱာျဖင့္သာ ေရးသားပါသည္။

Credit - Han Tun Aung (p.ku)

Zawgyi version 

No comments:

Post a Comment

generalknowledge456.blogspot.com

PQ - IQ - EQ - SQ - CQ ဉာဏ္ရည္ထက္ျမက္မႈငါးရပ္ -------------------------------- လူတစ္ေယာက္ရဲ႕ ဉာဏ္ရည္ထက္ျမက္မႈကုိ သာမန္အားျဖင့္ (IQ) နဲ႔တု...