စိတ်အာဟာရကို စာဖတ်ခြင်းဖြင့် ဖြည့်စွက်ပါ။
အတွေးတွေ့က ဘဝကိုပြောင်းလဲစေနိုင်တယ်ဆိုရင် စာဖတ်ခြင်း
ကလည်း အတွေးတွေကို ပြောင်းလဲစေနိုင်ပါတယ်။
တချို့တွေကတော့ စာတွေဖတ်နေပေမဲ့လည်း ဒီတိုင်းပါပဲ..
လို့ထင်နေတတ်ကြပါတယ်။ တကယ်တော့စာဆိုတာဖတ်တတ်မှ ဘဝအတွက် အကျိုးရှိပါတယ်တဲ့။
၁။ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးများ
ဦးနှောက်ကျန်းမာရေးကောင်းမွန်ခြင်း
အသက်ကြီးလာတဲ့အခါမှာ မှတ်ဉာဏ်ဆုံးရှုံးမှုရောဂါတွေခံစားရ
တာနည်းလာပါတယ်။ ဦးနှောက်ဆိုတာ မသွေးပဲထားရင် တုံးသွားတတ်ပါတယ်။ စာဖတ်ခြင်းက ဦးနှောက်ကို အမြဲသွေး
ပေးနေသလိုပါပဲ။
၂။ စိတ်ဖိစီးမှုလျော့နည်းခြင်း။
အလုပ်မှာ စိတ်ဖိစီးမှုများတာပဲဖြစ်ဖြစ် မိသားစုထဲမှာ စိတ်ဖိစီးမှု
များတာပဲဖြစ်ဖြစ် စာဖတ်လို့နစ်မျော့သွားတဲ့ အချိန်မှာတော့ အား
လုံးကိုမေ့လျော့သွားတတ်ပါတယ်။ ဒါကြောင့် စာဖတ်ခြင်းဟာ
စိတ်ဖိစီးမှုကို လျော့ချနိုင်တဲ့ လမ်းတစ်ခုပါပဲ။
၃။ ဗဟုသုတရခြင်း။
သင့်ဖတ်သမျှ အရာအားလုံးကို ဦးနှောက်ကသိမ်းဆည်းပါတယ်။
ထိုဗဟုသုတများစွာဟာ သင့်ရဲ့နေ့စဉ်ဘဝမှာ အရမ်းကိုအသုံး
ဝင်ပါတယ်။ စာဖတ်ခြင်းက ပိုမိုရင့်ကျက်တဲ့တစ်ယောက် ဖြစ်လာ
စေပါတယ်။ လောကဓံ တရားကို ပိုမိုရင်ဆိုင်လာနိုင်အောင် စာဖတ်ခြင်းက ကူညီပေးပါတယ်။ ဗဟုသုတများစွာရှိတဲ့အတွက်
ပြဿ နာတွေကို ဖြေရှင်းရာမှာ အရင်ထက် ပိုမိုအဆင်ပြေလာမှာ
အသေချာပါပဲ။
၄။ မှတ်ဉာဏ် တိုးတတ်လာမှု
စာဖတ်တဲ့အခါ ဝတ္တုတစ်ပုဒ် ရဲ့ဇာတ်ကောင်း စရိုက်ကို
မှတ်ရပါတယ်။ ဒါမှသာ ဆက်ဖတ်လို့အဆင်ပြေဖြစ်မှာပါ။ တကယ်တော့ စာဖတ်ခြင်းဟာ မသိမသာနဲ့ မှတ်နိုင်စွမ်းရည်
ကို တိုးတတ်အောင် လုပ်ပေးနေပါတယ်။
၅။ ဆင်ခြင် ချင့်ချိန် ဉာဏ်တိုးတတ်လာခြင်း။
စာအုပ်စာပေတွေ များစွားဖတ်တဲ့အတွက်တစ်စုံတစ်ခု စဉ်စားပြီ
ဆိုရင် စာဖတ်တဲ့သူနဲ့ကွာခြားပါတယ်။ ပိုပြီး ဒေါသကိုလည်း
ထိန်းချုပ်နိုင်စွမ်း ရှိလာပါတယ်။ စဉ်းစားချင့်ချိန်နိုင်မှုမှာလည်း
သူများထက်ပိုသာလာတတ်ပါတယ်။
၆။ အာရုံစူးစိုက်မှု တိုးတတ်လာခြင်း။
စာအုပ်တစ်အုပ်ကို ဖတ်တဲ့အခါမှာ အာရုံစူးစိုက်မှု အပြည့်အဝ စိုက်ရပါတယ်။ စာဖတ်များလာတဲ့အခါ အာရုံစူးစိုက်မှု အပိုင်းမှာ
လည်း ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ လက်တွေ့ဘဝ
မှာလည်း အရာရာ ပိုအာရုံစိုက်လာနိုင်ပါတယ်။
၇။ အထီးမကျန်မှု
စာအုပ်တွေဟာ အကောင်းမွန်ဆုံး အဖော်မွန်တွေပါ။ အထီးမကျန်အောင် ကူညီပေးပါလိမ့်မယ်။တကယ့် စာအုပ်
တစ်အုပ်ထဲစီးမျောသွားရင် ထိုင်ရာက မထချင်အောင် ဖြစ်သွားပါလိမ့်မယ်။
၈။ အတွေ့အကြုံများ ရယူနိုင်ခြင်း။
့
တချို့စာအုပ်တွေက အချိန်တွေ သွေးတွေ ချွေးတွေနဲ့ ရင်းနှီးပြီးမှ
ရထားတာပါ။ထိုအတွေ့အကြုံတွေကို ပိုက်ဆံအနည်းငယ်နဲ့
ဝယ်ယူဖတ်ရှုရတာပါ။ ဘယ်လောက်များသင့်အတွက် အကျိုး
ရှိလိုက်ပါသလဲ ပြန်တွေးကြည့်လိုက်ပါ။အခက်အခဲ့အတွေ့အကြုံ
တွေကို လေ့လာရပါမယ်။ ဒီလိုရရှိဖို့က စာအုပ်တွေကို အားကိုးရမှာပါ ကိုယ်သိချင်တာတွေ စာ ဆိုထဲမှာရှိနေလို့ပါပဲ။
ဒါကြောင့် စာအုပ်ဝယ်ပြီးဖတ်ဖို့ကို မနှောမြောပါနဲ့။
မိုးရှင်း
သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့
ခင်လေးသီ
Credit->>>ဘာသာရေးလမ်းညွန်ဓမ္မစာစုများ
#မေသတင်းရပ်ကွက်လေး
Unicode version
စိတ္အာဟာရကို စာဖတ္ျခင္းျဖင့္ ျဖည့္စြက္ပါ။
အေတြးေတြ႕က ဘဝကိုေျပာင္းလဲေစနိုင္တယ္ဆိုရင္ စာဖတ္ျခင္း
ကလည္း အေတြးေတြကို ေျပာင္းလဲေစနိုင္ပါတယ္။
တခ်ိဳ႕ေတြကေတာ့ စာေတြဖတ္ေနေပမဲ့လည္း ဒီတိုင္းပါပဲ..
လို႔ထင္ေနတတ္ၾကပါတယ္။ တကယ္ေတာ့စာဆိုတာဖတ္တတ္မွ ဘဝအတြက္ အက်ိဳးရွိပါတယ္တဲ့။
၁။ စာဖတ္ျခင္းရဲ႕အက်ိဳးေက်းဇူးမ်ား
ဦးေႏွာက္က်န္းမာေရးေကာင္းမြန္ျခင္း
အသက္ႀကီးလာတဲ့အခါမွာ မွတ္ဉာဏ္ဆုံးရႈံးမႈေရာဂါေတြခံစားရ
တာနည္းလာပါတယ္။ ဦးေႏွာက္ဆိုတာ မေသြးပဲထားရင္ တုံးသြားတတ္ပါတယ္။ စာဖတ္ျခင္းက ဦးေႏွာက္ကို အၿမဲေသြး
ေပးေနသလိုပါပဲ။
၂။ စိတ္ဖိစီးမႈေလ်ာ့နည္းျခင္း။
အလုပ္မွာ စိတ္ဖိစီးမႈမ်ားတာပဲျဖစ္ျဖစ္ မိသားစုထဲမွာ စိတ္ဖိစီးမႈ
မ်ားတာပဲျဖစ္ျဖစ္ စာဖတ္လို႔နစ္ေမ်ာ့သြားတဲ့ အခ်ိန္မွာေတာ့ အား
လုံးကိုေမ့ေလ်ာ့သြားတတ္ပါတယ္။ ဒါေၾကာင့္ စာဖတ္ျခင္းဟာ
စိတ္ဖိစီးမႈကို ေလ်ာ့ခ်နိဳင္တဲ့ လမ္းတစ္ခုပါပဲ။
၃။ ဗဟုသုတရျခင္း။
သင့္ဖတ္သမွ် အရာအားလုံးကို ဦးေႏွာက္ကသိမ္းဆည္းပါတယ္။
ထိုဗဟုသုတမ်ားစြာဟာ သင့္ရဲ႕ေန႕စဥ္ဘဝမွာ အရမ္းကိုအသုံး
ဝင္ပါတယ္။ စာဖတ္ျခင္းက ပိုမိုရင့္က်က္တဲ့တစ္ေယာက္ ျဖစ္လာ
ေစပါတယ္။ ေလာကဓံ တရားကို ပိုမိုရင္ဆိုင္လာနိုင္ေအာင္ စာဖတ္ျခင္းက ကူညီေပးပါတယ္။ ဗဟုသုတမ်ားစြာရွိတဲ့အတြက္
ျပႆ နာေတြကို ေျဖရွင္းရာမွာ အရင္ထက္ ပိုမိုအဆင္ေျပလာမွာ
အေသခ်ာပါပဲ။
၄။ မွတ္ဉာဏ္ တိုးတတ္လာမႈ
စာဖတ္တဲ့အခါ ဝတၱဳတစ္ပုဒ္ ရဲ႕ဇာတ္ေကာင္း စရိုက္ကို
မွတ္ရပါတယ္။ ဒါမွသာ ဆက္ဖတ္လို႔အဆင္ေျပျဖစ္မွာပါ။ တကယ္ေတာ့ စာဖတ္ျခင္းဟာ မသိမသာနဲ႕ မွတ္နိုင္စြမ္းရည္
ကို တိုးတတ္ေအာင္ လုပ္ေပးေနပါတယ္။
၅။ ဆင္ျခင္ ခ်င့္ခ်ိန္ ဉာဏ္တိုးတတ္လာျခင္း။
စာအုပ္စာေပေတြ မ်ားစြားဖတ္တဲ့အတြက္တစ္စုံတစ္ခု စဥ္စားၿပီ
ဆိုရင္ စာဖတ္တဲ့သူနဲ႕ကြာျခားပါတယ္။ ပိုၿပီး ေဒါသကိုလည္း
ထိန္းခ်ဳပ္နိုင္စြမ္း ရွိလာပါတယ္။ စဥ္းစားခ်င့္ခ်ိန္နိုင္မႈမွာလည္း
သူမ်ားထက္ပိုသာလာတတ္ပါတယ္။
၆။ အာ႐ုံစူးစိုက္မႈ တိုးတတ္လာျခင္း။
စာအုပ္တစ္အုပ္ကို ဖတ္တဲ့အခါမွာ အာ႐ုံစူးစိုက္မႈ အျပည့္အဝ စိုက္ရပါတယ္။ စာဖတ္မ်ားလာတဲ့အခါ အာ႐ုံစူးစိုက္မႈ အပိုင္းမွာ
လည္း ပိုမိုေကာင္းမြန္လာတာကို ေတြ႕ရပါတယ္။ လက္ေတြ႕ဘဝ
မွာလည္း အရာရာ ပိုအာ႐ုံစိုက္လာနိုင္ပါတယ္။
၇။ အထီးမက်န္မႈ
စာအုပ္ေတြဟာ အေကာင္းမြန္ဆုံး အေဖာ္မြန္ေတြပါ။ အထီးမက်န္ေအာင္ ကူညီေပးပါလိမ့္မယ္။တကယ့္ စာအုပ္
တစ္အုပ္ထဲစီးေမ်ာသြားရင္ ထိုင္ရာက မထခ်င္ေအာင္ ျဖစ္သြားပါလိမ့္မယ္။
၈။ အေတြ႕အႀကဳံမ်ား ရယူနိုင္ျခင္း။
့
တခ်ိဳ႕စာအုပ္ေတြက အခ်ိန္ေတြ ေသြးေတြ ေခြၽးေတြနဲ႕ ရင္းႏွီးၿပီးမွ
ရထားတာပါ။ထိုအေတြ႕အႀကဳံေတြကို ပိုက္ဆံအနည္းငယ္နဲ႕
ဝယ္ယူဖတ္ရႈရတာပါ။ ဘယ္ေလာက္မ်ားသင့္အတြက္ အက်ိဳး
ရွိလိုက္ပါသလဲ ျပန္ေတြးၾကည့္လိုက္ပါ။အခက္အခဲ့အေတြ႕အႀကဳံ
ေတြကို ေလ့လာရပါမယ္။ ဒီလိုရရွိဖို႔က စာအုပ္ေတြကို အားကိုးရမွာပါ ကိုယ္သိခ်င္တာေတြ စာ ဆိုထဲမွာရွိေနလို႔ပါပဲ။
ဒါေၾကာင့္ စာအုပ္ဝယ္ၿပီးဖတ္ဖို႔ကို မေႏွာေျမာပါနဲ႕။
မိုးရွင္း
သူစိတ္ဓာတ္က်တိဳင္းဖတ္ဖို႔
ခင္ေလးသီ
Credit->>>ဘာသာေရးလမ္းၫြန္ဓမၼစာစုမ်ား
Zawgyi version

Wednesday, December 27, 2017
generalknowledge456.blogspot.com "စာဖတ်ခြင်းအကျိုး"
Monday, December 25, 2017
မြေခွေး နှင့် ကျီးကန်း
မြေခွေး နှင့် ကျီးကန်း
✏ ✏ ✏ ✏ ✏ ✏
တစ်ခါတုန်းက ...
ကျီးကန်းတစ်ကောင်ဟာ
အမဲသားတစ်တစ်တုံးကို ချီပြီး သစ်ပင်ပေါ်မှာနားနေသတဲ့ ...
အဲဒီအချိန်မှာ
မြေခွေးတစ်ကောင် ရောက်လာပြီး
ကျီးကန်းကို မြင်သွားတယ်...
ပြီးတော့
မြေခွေးက ကျီးကန်းရဲ့ စားဖို့ပြင်နေတဲ့
အမဲသားတစ်ကို စားချင်စိတ်ဖြစ်လာတာပေါ့...
ဒီတော့ မြေခွေးက
ကျီးကန်းကိုမြှောက်ပင့်စကားတွေ ပြောတော့တာပေါ့...
'' အဆွေကျီးကန်း သင်ဟာ အလွန်လှပတာပဲနော် သင့်ရဲ့အမွှေးအတောင်တွေဟာလဲ ချောမွေ့ညက်ညောနေတာပဲ သင့်ရဲ့ခန္ဓာကိုယ်ဟာလဲ ကြည့်လို့ မဝနိုင်အောင်ပါပဲ '' လို့
ပြောလိုက်တော့
ကျီးကန်းဟာ သူ့ကိုယ်သူ ဘဝင်မြင့်သွားပြီး
အပျော်ကြီး ပျော်နေတာပေါ့...
မြေခွေးက ဆက်ပြောတယ်
'' အဆွေကျီးကန်း သင့်ရဲ့အသံကို မကြားဖူးပေမယ့် သင်ရဲ့အသံဟာလည်း သာယာနာပျော်ဖွယ်လေး ဖြစ်နေမှာပဲနော် သင်ဟာ တိရိစ္ဆာန်တွေထဲမှာ အင်မတန်မှ ထူးခြားလှပါပေတယ် သင့်အသံလေးကို ကြားဖူးချင်လိုက်တာ '' လို့
မြှောက်ပင့်စကားတွေနဲ့ တန်ဆာဆင်ပြီးလဲ ပြောလိုက်ရော ကျီးကန်းမှာ ပီတိတွေဖြစ်သွားပြီး မြေခွေးပြောတဲ့စကားဟာ မှန်မှာပဲလို့ သူတွေးမိနေတယ်...
ဒါကြောင့် '' ငါ့အသံဟာ သိပ်ကောင်းပါလားဆိုတာကို မြေခွေးကို သက်သေပြရမယ် '' ဆိုပြီး ကျယ်ကျယ်လောင်လောင်နဲ့ အ . အ. အ ဆိုပြီး အော်တော့တာပေါ့ :-) :-) :-) :-) :-) :-) :-)
ဒီတော့ ကျီးကန်းပါးစပ်မှာ ကိုက်ချီထားတဲ့ အမဲသားတုံးဟာ
ပါးစပ်ဟလိုက်တော့ ပြုတ်ကျပြီး အောက်ကို ကျသွားခဲ့တော့တယ်...
အောက်မှာ အသင်စောင့်နေတဲ့ မြေခွေးကလဲ
ကျလာတဲ့ အမဲသားတုံးကို ချက်ချင်းပဲ ပလုတ်ပလောင်း
စားပစ်လိုက်တော့တယ်:-) :-) :-) :-) :-)
ပြီးတော့မှ
အမြှောက်အပင့်ကြိုက်တဲ့ ကျီးကန်းကို လှည့်စားနိုင်ခဲ့ပြီးဆိုပြီး
အလွန်သူ့ကိုယ်သူ အလွန်ကျေနပ်ဖြစ်ကာ တောထဲကို ဝင်ပြေးသွားတော့သတဲ့ကွယ်... :-) :-) :-)
👇👇👇👇👇👇
ဒါကြောင့် မိတ်ဆွေတို့လဲ...
တစ်ဖက်လူရဲ့ ပြောစကားဟာ
သူ့အကျိုးကို မျှော်ကိုးလို့ မြှောက်ပင့်တာလား
တကယ်ကိုယ့်မှာ ရှိနေတဲ့ အရည်အချင်းကို ချီးမွန်းတာလားဆိုတာ ခွဲခွဲခြားခြား သိနိုင်ကြပါစေ..!!
ငါ ဘယ်လိုလူ ဖြစ်နေခဲ့ ဆိုတာကိုလဲ
ဝေဖန် စီစစ် မိသလို
ဒို့တတွေ ဘယ်လို အမျိုးအစားထဲမှာ ဝင်ရောက်ခဲ့ဘူးသလဲ ဆိုတာကိုတော့
ဉာဏ်ကို လွှာပြီး သုံးမှပေါ့ နော် ။
Credit - ဟန်ဘီလီ
Zawgyi version
ေျမေခြး ႏွင့္ က်ီးကန္း
✏ ✏ ✏ ✏ ✏ ✏
တစ္ခါတုန္းက ...
က်ီးကန္းတစ္ေကာင္ဟာ
အမဲသားတစ္တစ္တံုးကို ခ်ီျပီး သစ္ပင္ေပၚမွာနားေနသတဲ႔ ...
အဲဒီအခ်ိန္မွာ
ေျမေခြးတစ္ေကာင္ ေရာက္လာျပီး
က်ီးကန္းကို ျမင္သြားတယ္...
ၿပီီးေတာ့
ေျမေခြးက က်ီးကန္းရဲ႕ စားဖို့ျပင္ေနတဲ့
အမဲသားတစ္ကို စားခ်င္စိတ္ျဖစ္လာတာေပါ့...
ဒီေတာ့ ေျမေခြးက
က်ီးကန္းကိုေျမွာက္ပင့္စကားေတြ ေျပာေတာ့တာေပါ့...
'' အေဆြက်ီးကန္း သင္ဟာ အလြန္လွပတာပဲေနာ္ သင့္ရဲ႕အေမႊးအေတာင္ေတြဟာလဲ ေခ်ာေမြ့ညက္ေညာေနတာပဲ သင့္ရဲ႕ခႏၶာကိုယ္ဟာလဲ ျကည့္လို့ မဝနိုင္ေအာင္ပါပဲ '' လို့
ေျပာလိုက္ေတာ့
က်ီးကန္းဟာ သူ့ကိုယ္သူ ဘဝင္ျမင့္သြားျပီး
အေပ်ာ္ျကီး ေပ်ာ္ေနတာေပါ့...
ေျမေခြးက ဆက္ေျပာတယ္
'' အေဆြက်ီးကန္း သင့္ရဲ႕အသံကို မျကားဖူးေပမယ့္ သင္ရဲ႕အသံဟာလည္း သာယာနာေပ်ာ္ဖြယ္ေလး ျဖစ္ေနမွာပဲေနာ္ သင္ဟာ တိရိစၧာန္ေတြထဲမွာ အင္မတန္မွ ထူးျခားလွပါေပတယ္ သင့္အသံေလးကို ျကားဖူးခ်င္လိုက္တာ '' လို႔
ေျမွာက္ပင့္စကားေတြနဲ႔ တန္ဆာဆင္ျပီးလဲ ေျပာလိုက္ေရာ က်ီးကန္းမွာ ပီတိေတြျဖစ္သြားျပီး ေျမေခြးေျပာတဲ႔စကားဟာ မွန္မွာပဲလို့ သူေတြးမိေနတယ္...
ဒါေျကာင့္ '' ငါ့အသံဟာ သိပ္ေကာင္းပါလားဆိုတာကို ေျမေခြးကို သက္ေသျပရမယ္ '' ဆိုျပီး က်ယ္က်ယ္ေလာင္ေလာင္နဲ႔ အ . အ. အ ဆိုျပီး ေအာ္ေတာ့တာေပါ့ :-) :-) :-) :-) :-) :-) :-)
ဒီေတာ့ က်ီးကန္းပါးစပ္မွာ ကိုက္ခ်ီထားတဲ႔ အမဲသားတုံးဟာ
ပါးစပ္ဟလိုက္ေတာ့ ျပုတ္က်ျပီး ေအာက္ကို က်သြားခဲ႔ေတာ့တယ္...
ေအာက္မွာ အသင္ေစာင့္ေနတဲ႔ ေျမေခြးကလဲ
က်လာတဲ့ အမဲသားတုံးကို ခ်က္ခ်င္းပဲ ပလုတ္ပေလာင္း
စားပစ္လိုက္ေတာ့တယ္:-) :-) :-) :-) :-)
ျပီးေတာ့မွ
အေျမွာက္အပင့္ႄကိုက္တဲ႔ က်ီးကန္းကို လွည့္စားနိုင္ခဲ႔ျပီးဆိုျပီး
အလြန္သူ့ကိုယ္သူ အလြန္ေက်နပ္ျဖစ္ကာ ေတာထဲကို ဝင္ေျပးသြားေတာ့သတဲ႔ကြယ္... :-) :-) :-)
👇👇👇👇👇👇
ဒါေျကာင့္ မိတ္ေဆြတို့လဲ...
တစ္ဖက္လူရဲ႕ ေျပာစကားဟာ
သူ့အက်ိုးကို ေမ်ွာ္ကိုးလို့ ေျမွာက္ပင့္တာလား
တကယ္ကိုယ့္မွာ ရွိေနတဲ႔ အရည္အခ်င္းကို ခ်ီးမြန္းတာလားဆိုတာ ခြဲခြဲျခားျခား သိနိုင္ျကပါေစ..!!
ငါ ဘယ္လိုလူ ျဖစ္ေနခဲ့ ဆိုတာကိုလဲ
ေဝဖန္ စီစစ္ မိသလို
ဒို႔တေတြ ဘယ္လို အမ်ိဳးအစားထဲမွာ ဝင္ေရာက္ခဲ့ဘူးသလဲ ဆိုတာကိုေတာ့
ဉာဏ္ကို လႊာၿပီး သံုးမွေပါ့ ေနာ္ ။
Credit - ဟန္ဘီလီ
Zawgyi version
Sunday, December 24, 2017
"ဆောင်းဥတုတွင် ရေချိုးရမည့်အချိန်"
"ဆောင်းဥတုတွင် ရေချိုးရမည့်အချိန်"
=========================
ဆောင်းဥတုတွင် အေးသည်ဟု ဆိုကာ ရေမချိုးဘဲ မနေသင့်ပေ။ အအေးပတ်မည် စိုးသဖြင့် ရေမချိုးဘဲ ရက်သတ္တပတ် ကြာနေသူ သက်ကြီးရွယ်အို တစ်ဦးသည် သွားဖုံးများ ကြွပြီး အစားအသောက်
ပျက်လာသည်ကိုတွေ့ရသည်။
မျက်ချေးများ ထွက်ပြီး မျက်စိကြည့် မကောင်း ဖြစ်လာသည်။ ရေမချိုး ရသဖြင့် ကိုယ်တွင်းအပူ ငုပ်ရာမှ အထက်သို့ အပူ အခိုးအငွေ့များ ဆန်တက် လာခြင်းဖြစ်သည်။
.
အသက်(၆၅)နှစ် ကျော်သူများကို လူကြီးဟု သတ်မှတ်ပြီး ရေချိုးရမည့် အချိန်ကိုလည်း ဥတုအလိုက် သတ်မှတ် ထားသည့် လင်္ကာရှိသည်။ မြန်မာ ဆေးဆရာ များသည် လူကြီးများ ရေချိုးမမှား စေရန် လိုက်နာ ခိုင်းသည့်လင်္ကာမှာ
”နွေ ကိုး၊ မိုး တစ်ဆယ်၊ ဆောင်း တစ်ဆယ့်တစ်” ဟူ၍ ဖြစ်သည်။
.
အဓိပ္ပာယ်မှာ လူကြီးများ၊ သက်ကြီး ရွယ်အိုများ၊ နေမကောင်း သူများ ရေချိုးသင့်သည့် အချိန်မှာ နွေဥတုတွင် နံနက် ၉ နာရီခန့်၌ သင့်တော်သည်။ မိုးဥတုတွင် နံနက် ၁ဝ နာရီနှင့် ဆောင်းဥတုတွင် အအေးပို လာသဖြင့် နံနက်
၁၁ နာရီခန့်မှသာ ရေချိုး ပေးသင့်သည် ဟု ဆိုလိုသည်။ ဤစာဆိုသည် ကျန်းမာရေး ကောင်းနေသူ လူငယ်များ အတွက် မဟုတ်ပါ။ ကျန်းမာရေး ယိုယွင်းလာသည့် လူကြီးများ အသက်ကြီး သူများ အတွက်သာ ဖြစ်သည်။
.
ဆောင်းဥတုသည် နံနက် စောစောတွင် နှင်းမြူများ အုံ့ဆိုင်းပြီး နေအလင်းရောင် နွေးထွေးစွာ ရရှိဖို့ နောက်ကျသော ရာသီဖြစ်သဖြင့် အအေးမပတ် စေရန် ရေချိုး ဆင်ခြင်သင့်သည်။
နွေးထွေးအောင် ညအိပ်ချိန်နှင့်
နံနက်စောစော အိပ်ရာထချိန် များတွင် သတိပြု ဆင်ခြင်ပြီး လုံခြုံ နွေးထွေးသော စောင်၊ အနွေးထည် အဝတ်အစား များကို ဂရုတစိုက် ဝတ်ဆင် သင့်ကြောင်း သတိပြု စေလိုသည်။
.
”ရေချိုးလို့သေတဲ့ မသာပဲ ရှိတယ်။ ရေမချိုးလို့ သေတဲ့ မသာမရှိဘူး” ဟု ပြောလေ့ရှိသည်။ ဤသည်မှာ လူပြိန်းတွေး တွေးပြီး ပြောသော စကားဖြစ်သည်။ ပညာရှိများ ပြောသော စကား
မဟုတ်ပေ။ ရေမချိုး သဖြင့်
အသက်မသေ သော်လည်း ကျန်းမာရေး
မကောင်းနိုင်ပေ။
.
အပူငုပ်ပြီး ကိုယ်သားကိုယ်ရေ ခြောက်သွေ့ခြင်း၊ ပပ်ကြားအက်ခြင်း၊ အငွေ့အသက် မကောင်းခြင်း၊ မျက်စိ မကြည်ခြင်း၊ ပါးစပ်ခံတွင်း နံခြင်း၊ လျှာကွဲခြင်း၊ စပ်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊
သွားခြေရောင်ခြင်း၊ လျှာတွင်
အနှစ်တက်ခြင်း၊ ခံတွင်းပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ အဆုတ်တွင် အပူငုပ်၍ တငွေ့ငွေ့ ဖျားခြင်း၊ ကြက်ကိုယ်ကဲ့သို့ ပူသော ရောဂါဖြစ်ခြင်း၊ စိတ်လေးခြင်း၊ ညအိပ်မပျော်ခြင်း စသော ရောဂါပေါင်းစုံဝင်ရောက် လာနိုင်သည်။ ဤသည်မှာ ရေမချိုးခြင်း၏
နောက်ဆက်တွဲ ရောဂါများ ဖြစ်သည်။
.
ရှေးက မြန်မာ့ ဆေးပညာရှင် ကြီးများ မိန့်ကြားသည်မှာ ရေချိုးရမည်၊ မချိုးရမည် ဆိုသည်မှာ မိမိအပေါ် မူတည်သည်။ ရေချိုးလိုစိတ် ဖြစ်ပေါ်မှ ရေချိုးရမည်။ ရေအိုး၊ ရေကန် အနီးသို့ သွားပြီး ချမ်းစိမ့်စိမ့် ဖြစ်လာလျှင် မချိုးရ။
အရဲကိုး၍ ချိုးမည် ဆိုလျှင်လည်း ဒူးအောက်ခြေဖျားမှ စတင်ပြီး ရေလောင်းရမည်။ တဖြည်းဖြည်း အထက်သို့ တက်ပြီး လောင်းလာရမည်။ မျက်နှာသစ်၊ ပလုတ်ကျင်း ပြီးမှ ဦးခေါင်းပေါ်သို့ ရေလောင်းရမည်။ အချိန် ကြာမြင့်စွာ
ရေချိုးခြင်း မပြုရ။ အေးသော ရာသီတွင် လျင်မြန်စွာ ရေချိုးခြင်း သည်သာ အကောင်းဆုံး ဖြစ်သည်ဟု ဆိုသည်။
.
ရေချိုးခြင်းသည် လူတို့နေ့စဉ် ပြုအပ်သော ကိစ္စတွင် တစ်ခုအပါအဝင် ဖြစ်သည်။ သို့သော် ဥတုနှင့် အချိန်အခါကို ကြည့်ရမည်။ ရေချိုးခြင်းကြောင့် အခိုးအာကာသ ရနိုင်သကဲ့သို့ ရေချိုးမှားလျှင် အခိုးငုပ်၍ ဖျားနာတတ်သည်။
ကံ၊ စိတ်၊ ဥတု၊ အာဟာရတွင် ရေချိုးခြင်းသည် ဥတုနှင့် ဆိုင်သည်။ ဥတုပြောင်းချိန် ရေချိုးခြင်း၊ ဥတုပျက်ချိန် ရေချိုးခြင်း၊ အပူအအေး လွန်ကဲချိန်တွင် ရေချိုးခြင်းကို သတိဖြင့်သာ ပြုအပ်ကြောင်း တင်ပြလိုက်ရ ပေသည်။
ကြည်မြင့်လွင် (မုဒြာ)
===============
MWD Health
Minn ThuAung
Unicode version
ေဆာင္းဥတုတြင္ ေရခ်ိဳးရမည့္အခ်ိန္
=========================
ေဆာင္းဥတုတြင္ ေအးသည္ဟု ဆိုကာ ေရမခ်ိဳးဘဲ မေနသင့္ေပ။ အေအးပတ္မည္ စိုးသျဖင့္ ေရမခ်ိဳးဘဲ ရက္သတၱပတ္ ၾကာေနသူ သက္ႀကီး႐ြယ္အို တစ္ဦးသည္ သြားဖုံးမ်ား ႂကြၿပီး အစားအေသာက္
ပ်က္လာသည္ကိုေတြ႕ရသည္။
မ်က္ေခ်းမ်ား ထြက္ၿပီး မ်က္စိၾကည့္ မေကာင္း ျဖစ္လာသည္။ ေရမခ်ိဳး ရသျဖင့္ ကိုယ္တြင္းအပူ ငုပ္ရာမွ အထက္သို႔ အပူ အခိုးအေငြ႕မ်ား ဆန္တက္ လာျခင္းျဖစ္သည္။
.
အသက္(၆၅)ႏွစ္ ေက်ာ္သူမ်ားကို လူႀကီးဟု သတ္မွတ္ၿပီး ေရခ်ိဳးရမည့္ အခ်ိန္ကိုလည္း ဥတုအလိုက္ သတ္မွတ္ ထားသည့္ လကၤာရွိသည္။ ျမန္မာ ေဆးဆရာ မ်ားသည္ လူႀကီးမ်ား ေရခ်ိဳးမမွား ေစရန္ လိုက္နာ ခိုင္းသည့္လကၤာမွာ
”ေႏြ ကိုး၊ မိုး တစ္ဆယ္၊ ေဆာင္း တစ္ဆယ့္တစ္” ဟူ၍ ျဖစ္သည္။
.
အဓိပၸာယ္မွာ လူႀကီးမ်ား၊ သက္ႀကီး ႐ြယ္အိုမ်ား၊ ေနမေကာင္း သူမ်ား ေရခ်ိဳးသင့္သည့္ အခ်ိန္မွာ ေႏြဥတုတြင္ နံနက္ ၉ နာရီခန႔္၌ သင့္ေတာ္သည္။ မိုးဥတုတြင္ နံနက္ ၁ဝ နာရီႏွင့္ ေဆာင္းဥတုတြင္ အေအးပို လာသျဖင့္ နံနက္
၁၁ နာရီခန႔္မွသာ ေရခ်ိဳး ေပးသင့္သည္ ဟု ဆိုလိုသည္။ ဤစာဆိုသည္ က်န္းမာေရး ေကာင္းေနသူ လူငယ္မ်ား အတြက္ မဟုတ္ပါ။ က်န္းမာေရး ယိုယြင္းလာသည့္ လူႀကီးမ်ား အသက္ႀကီး သူမ်ား အတြက္သာ ျဖစ္သည္။
.
ေဆာင္းဥတုသည္ နံနက္ ေစာေစာတြင္ ႏွင္းျမဴမ်ား အုံ႕ဆိုင္းၿပီး ေနအလင္းေရာင္ ေႏြးေထြးစြာ ရရွိဖို႔ ေနာက္က်ေသာ ရာသီျဖစ္သျဖင့္ အေအးမပတ္ ေစရန္ ေရခ်ိဳး ဆင္ျခင္သင့္သည္။
ေႏြးေထြးေအာင္ ညအိပ္ခ်ိန္ႏွင့္
နံနက္ေစာေစာ အိပ္ရာထခ်ိန္ မ်ားတြင္ သတိျပဳ ဆင္ျခင္ၿပီး လုံၿခဳံ ေႏြးေထြးေသာ ေစာင္၊ အေႏြးထည္ အဝတ္အစား မ်ားကို ဂ႐ုတစိုက္ ဝတ္ဆင္ သင့္ေၾကာင္း သတိျပဳ ေစလိုသည္။
.
”ေရခ်ိဳးလို႔ေသတဲ့ မသာပဲ ရွိတယ္။ ေရမခ်ိဳးလို႔ ေသတဲ့ မသာမရွိဘူး” ဟု ေျပာေလ့ရွိသည္။ ဤသည္မွာ လူၿပိန္းေတြး ေတြးၿပီး ေျပာေသာ စကားျဖစ္သည္။ ပညာရွိမ်ား ေျပာေသာ စကား
မဟုတ္ေပ။ ေရမခ်ိဳး သျဖင့္
အသက္မေသ ေသာ္လည္း က်န္းမာေရး
မေကာင္းနိုင္ေပ။
.
အပူငုပ္ၿပီး ကိုယ္သားကိုယ္ေရ ေျခာက္ေသြ႕ျခင္း၊ ပပ္ၾကားအက္ျခင္း၊ အေငြ႕အသက္ မေကာင္းျခင္း၊ မ်က္စိ မၾကည္ျခင္း၊ ပါးစပ္ခံတြင္း နံျခင္း၊ လွ်ာကြဲျခင္း၊ စပ္ျခင္း၊ သြားနာျခင္း၊ သြားဖုံးႂကြျခင္း၊
သြားေျခေရာင္ျခင္း၊ လွ်ာတြင္
အႏွစ္တက္ျခင္း၊ ခံတြင္းပ်က္ျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းေျခာက္ ဆိုးျခင္း၊ အဆုတ္တြင္ အပူငုပ္၍ တေငြ႕ေငြ႕ ဖ်ားျခင္း၊ ၾကက္ကိုယ္ကဲ့သို႔ ပူေသာ ေရာဂါျဖစ္ျခင္း၊ စိတ္ေလးျခင္း၊ ညအိပ္မေပ်ာ္ျခင္း စေသာ ေရာဂါေပါင္းစုံဝင္ေရာက္ လာနိုင္သည္။ ဤသည္မွာ ေရမခ်ိဳးျခင္း၏
ေနာက္ဆက္တြဲ ေရာဂါမ်ား ျဖစ္သည္။
.
ေရွးက ျမန္မာ့ ေဆးပညာရွင္ ႀကီးမ်ား မိန႔္ၾကားသည္မွာ ေရခ်ိဳးရမည္၊ မခ်ိဳးရမည္ ဆိုသည္မွာ မိမိအေပၚ မူတည္သည္။ ေရခ်ိဳးလိုစိတ္ ျဖစ္ေပၚမွ ေရခ်ိဳးရမည္။ ေရအိုး၊ ေရကန္ အနီးသို႔ သြားၿပီး ခ်မ္းစိမ့္စိမ့္ ျဖစ္လာလွ်င္ မခ်ိဳးရ။
အရဲကိုး၍ ခ်ိဳးမည္ ဆိုလွ်င္လည္း ဒူးေအာက္ေျခဖ်ားမွ စတင္ၿပီး ေရေလာင္းရမည္။ တျဖည္းျဖည္း အထက္သို႔ တက္ၿပီး ေလာင္းလာရမည္။ မ်က္ႏွာသစ္၊ ပလုတ္က်င္း ၿပီးမွ ဦးေခါင္းေပၚသို႔ ေရေလာင္းရမည္။ အခ်ိန္ ၾကာျမင့္စြာ
ေရခ်ိဳးျခင္း မျပဳရ။ ေအးေသာ ရာသီတြင္ လ်င္ျမန္စြာ ေရခ်ိဳးျခင္း သည္သာ အေကာင္းဆုံး ျဖစ္သည္ဟု ဆိုသည္။
.
ေရခ်ိဳးျခင္းသည္ လူတို႔ေန႕စဥ္ ျပဳအပ္ေသာ ကိစၥတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။ သို႔ေသာ္ ဥတုႏွင့္ အခ်ိန္အခါကို ၾကည့္ရမည္။ ေရခ်ိဳးျခင္းေၾကာင့္ အခိုးအာကာသ ရနိုင္သကဲ့သို႔ ေရခ်ိဳးမွားလွ်င္ အခိုးငုပ္၍ ဖ်ားနာတတ္သည္။
ကံ၊ စိတ္၊ ဥတု၊ အာဟာရတြင္ ေရခ်ိဳးျခင္းသည္ ဥတုႏွင့္ ဆိုင္သည္။ ဥတုေျပာင္းခ်ိန္ ေရခ်ိဳးျခင္း၊ ဥတုပ်က္ခ်ိန္ ေရခ်ိဳးျခင္း၊ အပူအေအး လြန္ကဲခ်ိန္တြင္ ေရခ်ိဳးျခင္းကို သတိျဖင့္သာ ျပဳအပ္ေၾကာင္း တင္ျပလိုက္ရ ေပသည္။
ၾကည္ျမင့္လြင္ (မုျဒာ)
===============
MWD Health
Minn ThuAung
Zawgyi version
"Facebook ပေါ်မှာ Official တွဲခဲ့ကြတယ်"
"Facebook ပေါ်မှာ Official တွဲခဲ့ကြတယ်"
Facebook ပေါ်မှာ Official တွဲခဲ့ကြတယ်
Couple ပုံတွေ 2ရက်တစ်ခါ တင်ဖြစ်ခဲ့ကြတယ်
Password တွေ အပြန်အလှန်ပေးခဲ့ကြတယ်
Tag တွဲပြီး သတိရတဲ့အကြောင်း ပြောခဲ့ကြတယ်
ရေစက်ကုန်တော့ Block&Unfri ဖြစ်ကုန်တာပါပဲ။
အသစ်ထွက်သမျှရုပ်ရှင် မလွတ်တမ်းကြည့်ခဲ့ကြတယ်
Centre တွေဘက် ခြေတိုအောင် Run ခဲ့ကြတယ်
ဟော့ပေါ့&အသားကင် အန်ထွက်အောင် စားခဲ့ကြတယ်
ရောက်လေရာဘုရား အတူတူဦးတော်လုပ်ခဲ့ကြတယ်
ဖူးစာမပါပြန်တော့လည်း နှုတ်ဆက်ကွဲကွာရတာပါပဲ။
ဗိုက်ဆာတယ်ပြောရင် ချက်ချင်းလာပို့ပေးတတ်တယ်
Bills မရှိဘူးပြောရင် မကြာဘူးလှမ်းလွှဲပေးတတ်တယ်
ကားလမ်းကူးရင် စိတ်မချလို့ နေရာလဲပေးတတ်တယ်
နေမကောင်းတဲ့အခါ အသေအလဲဂရုစိုက်ပေးတယ်
အချိန်တန်တော့လည်း ပြတ်ခဲ့ကြရတာပါပဲ။
အသဲတစ်ခြမ်း ကလီစာတစ်မျှင်တွေ ခေါ်ခဲ့ကြဖူးတယ်
ဘော်ဒါတွေကြားထဲ လက်ဆွဲ ကြွားပြခဲ့ဖူးတယ်
မိဘဆွေမျိုးအသိုင်းအဝိုင်းထဲအထိ ခရီးရောက်ခဲ့ဖူးတယ်
ရွာဦးကျောင်းက ဘုန်းဘုန်းပါမချန် အပူကပ်ခဲ့ဖူးတယ်
သည်းမခံနိုင်တဲ့အဆုံး မြန်မာဘီယာ ကံစမ်းမဲလို
ကျေးဇူးတင်ပါတယ်တစ်ခွန်းနဲ့ တာ့တာလုပ်ကြတာပါပဲ။
နှင်းဆီပန်းကြားထဲ စိန်လက်စွပ်ထည့် ရိုဆန်ပြတယ်
မွေးနေ့ည 12.အတိမှာ အိမ်ရှေ့ထိအရောက်လာပြီး
Surprise လှလှလေး လုပ်ပြတယ်
လူကြားထဲ ဒူးထောက် Propose လုပ်ပြခဲ့တယ်
မကြာခင်မှာပဲ မခေါ်မပြောဖြစ်ရင်း ဝေးသွားကြတာပါပဲ။
ဘယ်လောက်ကြာရင် အတူနေမှာ ကတိထားခဲ့တယ်
Sedona & Shangrila နေရာရွေးခဲ့ကြတယ်
ဟန်းနီးမွန်းခရီး Plan ကြိုဆွဲထားခဲ့ကြတယ်
ဖိတ်စာ ဘာအရောင်ကအစ တိုင်ပင်ခဲ့ကြတယ်
မာနတွေယှဉ်ပြိုင်မိရင်းကနေ လမ်းခွဲခဲ့ကြတာပါပဲ။
3.နှစ်တိတိ အတူရှိခဲ့တယ်နော်
ဘေးစကား 3.ခွန်းထဲနဲ့ ပြတ်တယ်။
5.နှစ်တောင် မြဲခဲ့ကြတယ်နော်
Mpt free 5.mins ထဲနဲ့ ပြီးပါပြီ စာတန်းထိုးတယ်။
7.နှစ်မကလို့ 10.နှစ်ထိ တွဲခဲ့ဦး
မက်ဆေ့ချ်တစ်စောင်လောက်နဲ့ ဇာတ်သိမ်းတယ်လေ။
Anni တွေ ဘယ်လောက်ပဲ ကျော်ဖြတ်ခဲ့
အချိန်အကြာကြီး အတူတူ လက်လက်ထခဲ့
တစ်ဘဝစာပုံအောပြီး ရင်းနှီးမြုပ်နှံထားခဲ့
စိတ်မချရပါဘူး...
ဘာမဟုတ်တဲ့ Case ကနေ အစပြု ပြီး
အပျက်ပျက်နဲ့နှာခေါင်းသွေးထွက် ပြတ်ပါတယ်။
မြဲတဲ့အတွဲကျ မြဲကိုမြဲပါတယ်
အဖျက်ပေါလေ ပိုခိုင်မြဲလာလေ
အတားအဆီးများလေ ပိုနီးစပ်လာလေပါပဲ။
ချစ်လို့ပဲ လက်တွဲလာခဲ့ကြသေးတာ
ထစ်ခနဲရှိ လမ်းခွဲစကား မပြောကြပါနဲ့...
အသဲယားလို့ပဲ အတူရှိခဲ့ကြတာ
မာနတွေထား မခေါ်မပြော မလုပ်ကြပါနဲ့...
တန်ဖိုးထားလို့ပဲ ချစ်ခွင့်ပန်ခဲ့ကြတာ
ဂရုမစိုက် ပစ်ထားတာမျိုး မဖြစ်ပါစေနဲ့...
အလိုက်မသိဘူး ပြောရအောင်
သင့်ဘေးကချစ်သူက
အကြားအမြင်ရနေတာမှ မဟုတ်တာ။
နားမလည်ဘူး ပြောရအောင်
သင့်ချစ်သူက
Super Power ရထားတာမှ မဟုတ်တာ။
စိတ်ထဲ တေးမှတ်မထားပါနဲ့
ပြဿ နာတစ်ခုကို ပုံကြီးမချဲ့ပါနဲ့
အဆုံးသတ် လမ်းခွဲစကား မဆိုပါနဲ့
တစ်ယောက်က အလျှော့ပေး ရတာပဲလေ။
သူများတွေ သင့်ကို ဂရုစိုက်ပေးတယ်ဆိုတာ
သင့်ချစ်သူ အိပ်နေတုန်းယောင်ပြီး
ထွက်တဲ့စကားလောက်ရှိတာပါ။
သူများတွေ သင့်ကို သဲသဲလှုပ်ကြွေတယ်ဆိုတာ
သင့်ချစ်သူ သင့်ကို စိတ်နာနေသလောက်ရှိတာပါ။
သူများတွေ သင့်ကို ချစ်တယ်ဆိုတာ
သင့်ချစ်သူ သင့်ကို မုန်းနေသလောက်ရှိတာပါ။
သင့်ဘဝမှာ ခုလက်ရှိချစ်သူလောက်
အနစ်နာခံ အနွံတာခံ အပြောအဆိုခံပြီး
မခွဲမခွာ ရှိပေးတဲ့သူမျိုး ထပ်မရနိုင်တော့ပါဘူး။
နောင်တရရင် ခုချက်ချင်း ထပြင်ဆင်လိုက်ပါ
သင့်ချစ်သူကို ထွက်သွားခွင့်မပေးမိပါစေနဲ့
ဆုံးရှုံးမှုတန်ဖိုးက သိပ်ကြီးမားနေတတ်လို့ပါလေ။ ။
Credit:SisThetZaw
Photo:Fb
Unicode version
"Facebook ေပၚမွာ Official တြဲခဲ့ၾကတယ္"
Facebook ေပၚမွာ Official တြဲခဲ့ၾကတယ္
Couple ပုံေတြ 2ရက္တစ္ခါ တင္ျဖစ္ခဲ့ၾကတယ္
Password ေတြ အျပန္အလွန္ေပးခဲ့ၾကတယ္
Tag တြဲၿပီး သတိရတဲ့အေၾကာင္း ေျပာခဲ့ၾကတယ္
ေရစက္ကုန္ေတာ့ Block&Unfri ျဖစ္ကုန္တာပါပဲ။
အသစ္ထြက္သမွ်႐ုပ္ရွင္ မလြတ္တမ္းၾကည့္ခဲ့ၾကတယ္
Centre ေတြဘက္ ေျခတိုေအာင္ Run ခဲ့ၾကတယ္
ေဟာ့ေပါ့&အသားကင္ အန္ထြက္ေအာင္ စားခဲ့ၾကတယ္
ေရာက္ေလရာဘုရား အတူတူဦးေတာ္လုပ္ခဲ့ၾကတယ္
ဖူးစာမပါျပန္ေတာ့လည္း ႏႈတ္ဆက္ကြဲကြာရတာပါပဲ။
ဗိုက္ဆာတယ္ေျပာရင္ ခ်က္ခ်င္းလာပို႔ေပးတတ္တယ္
Bills မရွိဘူးေျပာရင္ မၾကာဘူးလွမ္းလႊဲေပးတတ္တယ္
ကားလမ္းကူးရင္ စိတ္မခ်လိဳ႕ ေနရာလဲေပးတတ္တယ္
ေနမေကာင္းတဲ့အခါ အေသအလဲဂ႐ုစိုက္ေပးတယ္
အခ်ိန္တန္ေတာ့လည္း ျပတ္ခဲ့ၾကရတာပါပဲ။
အသဲတစ္ျခမ္း ကလီစာတစ္မွ်င္ေတြ ေခၚခဲ့ၾကဖူးတယ္
ေဘာ္ဒါေတြၾကားထဲ လက္ဆြဲ ႂကြားျပခဲ့ဖူးတယ္
မိဘေဆြမ်ိဳးအသိုင္းအဝိုင္းထဲအထိ ခရီးေရာက္ခဲ့ဖူးတယ္
႐ြာဦးေက်ာင္းက ဘုန္းဘုန္းပါမခ်န္ အပူကပ္ခဲ့ဖူးတယ္
သည္းမခံနိုင္တဲ့အဆုံး ျမန္မာဘီယာ ကံစမ္းမဲလို
ေက်းဇူးတင္ပါတယ္တစ္ခြန္းနဲ႕ တာ့တာလုပ္ၾကတာပါပဲ။
ႏွင္းဆီပန္းၾကားထဲ စိန္လက္စြပ္ထည့္ ရိုဆန္ျပတယ္
ေမြးေန႕ည 12.အတိမွာ အိမ္ေရွ႕ထိအေရာက္လာၿပီး
Surprise လွလွေလး လုပ္ျပတယ္
လူၾကားထဲ ဒူးေထာက္ Propose လုပ္ျပခဲ့တယ္
မၾကာခင္မွာပဲ မေခၚမေျပာျဖစ္ရင္း ေဝးသြားၾကတာပါပဲ။
ဘယ္ေလာက္ၾကာရင္ အတူေနမွာ ကတိထားခဲ့တယ္
Sedona & Shangrila ေနရာေ႐ြးခဲ့ၾကတယ္
ဟန္းနီးမြန္းခရီး Plan ႀကိဳဆြဲထားခဲ့ၾကတယ္
ဖိတ္စာ ဘာအေရာင္ကအစ တိုင္ပင္ခဲ့ၾကတယ္
မာနေတြယွဥ္ၿပိဳင္မိရင္းကေန လမ္းခြဲခဲ့ၾကတာပါပဲ။
3.ႏွစ္တိတိ အတူရွိခဲ့တယ္ေနာ္
ေဘးစကား 3.ခြန္းထဲနဲ႕ ျပတ္တယ္။
5.ႏွစ္ေတာင္ ၿမဲခဲ့ၾကတယ္ေနာ္
Mpt free 5.mins ထဲနဲ႕ ၿပီးပါၿပီ စာတန္းထိုးတယ္။
7.ႏွစ္မကလို႔ 10.ႏွစ္ထိ တြဲခဲ့ဦး
မက္ေဆ့ခ်္တစ္ေစာင္ေလာက္နဲ႕ ဇာတ္သိမ္းတယ္ေလ။
Anni ေတြ ဘယ္ေလာက္ပဲ ေက်ာ္ျဖတ္ခဲ့
အခ်ိန္အၾကာႀကီး အတူတူ လက္လက္ထခဲ့
တစ္ဘဝစာပုံေအာၿပီး ရင္းႏွီးျမဳပ္ႏွံထားခဲ့
စိတ္မခ်ရပါဘူး...
ဘာမဟုတ္တဲ့ Case ကေန အစျပဳ ၿပီး
အပ်က္ပ်က္နဲ႕ႏွာေခါင္းေသြးထြက္ ျပတ္ပါတယ္။
ၿမဲတဲ့အတြဲက် ၿမဲကိုၿမဲပါတယ္
အဖ်က္ေပါေလ ပိုခိုင္ၿမဲလာေလ
အတားအဆီးမ်ားေလ ပိုနီးစပ္လာေလပါပဲ။
ခ်စ္လို႔ပဲ လက္တြဲလာခဲ့ၾကေသးတာ
ထစ္ခနဲရွိ လမ္းခြဲစကား မေျပာၾကပါနဲ႕...
အသဲယားလို႔ပဲ အတူရွိခဲ့ၾကတာ
မာနေတြထား မေခၚမေျပာ မလုပ္ၾကပါနဲ႕...
တန္ဖိုးထားလို႔ပဲ ခ်စ္ခြင့္ပန္ခဲ့ၾကတာ
ဂ႐ုမစိုက္ ပစ္ထားတာမ်ိဳး မျဖစ္ပါေစနဲ႕...
အလိုက္မသိဘူး ေျပာရေအာင္
သင့္ေဘးကခ်စ္သူက
အၾကားအျမင္ရေနတာမွ မဟုတ္တာ။
နားမလည္ဘူး ေျပာရေအာင္
သင့္ခ်စ္သူက
Super Power ရထားတာမွ မဟုတ္တာ။
စိတ္ထဲ ေတးမွတ္မထားပါနဲ႕
ျပႆ နာတစ္ခုကို ပုံႀကီးမခ်ဲ့ပါနဲ႕
အဆုံးသတ္ လမ္းခြဲစကား မဆိုပါနဲ႕
တစ္ေယာက္က အေလွ်ာ့ေပး ရတာပဲေလ။
သူမ်ားေတြ သင့္ကို ဂ႐ုစိုက္ေပးတယ္ဆိုတာ
သင့္ခ်စ္သူ အိပ္ေနတုန္းေယာင္ၿပီး
ထြက္တဲ့စကားေလာက္ရွိတာပါ။
သူမ်ားေတြ သင့္ကို သဲသဲလႈပ္ေႂကြတယ္ဆိုတာ
သင့္ခ်စ္သူ သင့္ကို စိတ္နာေနသေလာက္ရွိတာပါ။
သူမ်ားေတြ သင့္ကို ခ်စ္တယ္ဆိုတာ
သင့္ခ်စ္သူ သင့္ကို မုန္းေနသေလာက္ရွိတာပါ။
သင့္ဘဝမွာ ခုလက္ရွိခ်စ္သူေလာက္
အနစ္နာခံ အႏြံတာခံ အေျပာအဆိုခံၿပီး
မခြဲမခြာ ရွိေပးတဲ့သူမ်ိဳး ထပ္မရနိုင္ေတာ့ပါဘူး။
ေနာင္တရရင္ ခုခ်က္ခ်င္း ထျပင္ဆင္လိုက္ပါ
သင့္ခ်စ္သူကို ထြက္သြားခြင့္မေပးမိပါေစနဲ႕
ဆုံးရႈံးမႈတန္ဖိုးက သိပ္ႀကီးမားေနတတ္လို႔ပါေလ။ ။
Credit:SisThetZaw
Photo:Fb
Zawgyi version
"အောင်မြင်သောလူဟုခေါ်ဆိုအပ်သောလူ"
"အောင်မြင်သောလူဟုခေါ်ဆိုအပ်သော လူ"
+++++++++++++++++++++++++
ရည်မှန်းချက်ထားပါ။
အိပ်မက်ကြီးကြီးမက်ပါ။
ရည်ရွယ်ချက်ကြီးကြီးထားပါ။
အလုပ်မှန်သမျှစူးစမ်းလေ့လာပါ။
စနစ်တကျလုပ်ဆောင်ပါ။
စိတ်ရှည်ပါ။
သည်းခံပါ။
ဇွဲရှိပါ။
အလုပ်တစ်ခုကို အာရုံစူးစိုက်၍ ရေရှည်လုပ်ကိုင်ပါ။
လူတန်းစားမရွှေး ဖော်ရွှေစွာ ပေါင်းသင်းဆက်ဆံပါ။
အချိန်ကို တန်ဖိုးရှိစွာ အသုံးချကုန်လွန်ပါစေ။
အချိန်ကို အကျိုးမဲ့ အချီးအနှီး မကုန်လွန်ပါစေနှင့်
အချိန်ပိုနေသည် ထင်ပါက အတတ်ပညာ တစ်ခုခုကို သင်ယူပါ။
အချိန်ပိုနေသည် ထင်ပါက အသိပညာ တစ်ခုခုကို လေ့လာပါ။
ယခု ရှိသောအချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်ပါစေ။
ကုန်လွန်သွားသော အချိန်ကိုပြန်ယူ၍ မရနိုင်သလို မရောက်သေးသော အချိန်ကို
မမျှော်မှန်းပါနှင့် လက်ရှိအချိန်သည် သင့်အတွက် အဖိုးတန်ဆုံး အချိန်ဖြစ်သည်။
ယခု ရှိနေသောအချိန်သည် သင့်အတွက် တန်ဖိုးရှိသောအချိန်ဖြစ်၍
တန်ဖိုးရှိစွာ အသုံးချတတ်ပါစေ။
အလုပ် လုပ်နေသော သူသည် အမှားမကင်းနိုင်ပါ။
မည်သည့်အလုပ်မျှ မလုပ်သောသူသည် မည်သည့်အမှားမျှ မရှိနိုင်ပါ။
အခက်အခဲမှန်သမျှ ကြုံတွေ့လာလျှင် စိတ်ဓါတ်မကျပဲ ကြံကြံခိုင် ရင်ဆိုင်နိုင်မှ
လောကတွင် အောင်မြင်နိုင်သည်။
မည်သည့် အခက်အခဲမဆို ကျော်လွှား ဖြတ်သန်းနိုင်အောင်ကြိုးစားပါ။
သူတပါးကို အပြစ်ပြောဆိုခြင်းကို တတ်နိုင်သမျှရှောင်ပါ။
မိမိကိုယ်ကိုသာ ဝေဖန်စမ်းစစ်ပါ။
အလုပ် လုပ်နေသောသူကို အလုပ် မလုပ်သော သူကပြစ်တင် ဝေဖန်တတ်ပါသည်။
မိမိကောင်းကျိုးကိုရှေ့ရှု ဆောင်ရွက်တတ်သလို ..လောက၊ သူတပါး၏
ကောင်းကျိုးကိုလည်း ဆောင်ရွက်ပါ။
တစ်နေ့တာပြုမူဆောင်ရွက် ပြောဆို လုပ်ကိုင်ချက်များသည် မိမိအကျိုး သူတပါးအကျိုး
သံသရာအကျိုး ရရှိမှသာ လူဘဝတွင်လူဖြစ်ရကျိုးနပ်၍ အောင်မြင်သော
လူသားတစ်ဦးဖြစ်နိုင်သည်။
မိမိ အတ္တသာရှေ့ရှု၍ မိမိကောင်းကျိုးသာ သိသောသူသည် ကျင့်သောသူသည် စည်းစိမ်ဥစ္စာ
မည်မျှရှိနေစေ ရာထူးဂုဏ်ထူး မည်မျှရှိနေစေ ပညာမည်မျှတတ်နေစေ ထိုသူသည်
လောကတွင် တစ်ခဏ တစ်ဘဝသာ အောင်မြင်သည့်သူဖြစ်သည်။
နောင်သံသရာ ယ္ခုဘ၀ လူသားစင်စစ်ဧကံ ဖြစ်နေသော်လည်း လူဖြစ်ရှုံးနေသော
လူသား တစ်ဦးသာဖြစ်မည် ။
ထိုသို့သောလူအား အောင်မြင်သည်ဟု မမြင်ထိုက်ပါ။
လူသားအခြင်းခြင်း ကူညီစောင့်ရှောက် ဖေးမကြင်နာ သနားငဲ့ငြာတတ်မှသာ
သင်သည် လူ့ဘဝတွင် လူဖြစ်ရကျိုးနပ်၍ အောင်မြင်သောလူသားစင်စစ်
ဧကံဖြစ်ပေလိမ့်မည်။
အောင်မြင်သောလုပ်ရပ်ကို လုပ်ဆောင်ပြုမူနေသော ထူးချွန်ထက်မြက်သည့်
လူဟုခေါ်ဆိုအပ်သော လူဖြစ်ပေလိမ့်မည်။
သင်သည်တစ်နေ့ တစ်ချိန်တွင် မုချအောင်မြင်နိုင်ပါသည်။
အောင်မြင်မှုသည် သင်၏ လက်တစ်ကမ်းမှာ ရှိသည်။
Credit - Original Upload
မယ်ဖြိုး
Unicode version
ေအာင္ျမင္ေသာလူဟုေခၚဆိုအပ္ေသာလူ
+++++++++++++++++++++++++
ရည္မွန္းခ်က္ထားပါ။
အိပ္မက္ႀကီးႀကီးမက္ပါ။
ရည္႐ြယ္ခ်က္ႀကီးႀကီးထားပါ။
အလုပ္မွန္သမွ်စူးစမ္းေလ့လာပါ။
စနစ္တက်လဳပ္ေဆာင္ပါ။
စိတ္ရွည္ပါ။
သည္းခံပါ။
ဇြဲရွိပါ။
အလုပ္တစ္ခုကို အာ႐ုံစူးစိုက္၍ ေရရွည္လုပ္ကိုင္ပါ။
လူတန္းစားမေ႐ႊး ေဖာ္ေ႐ႊစြာ ေပါင္းသင္းဆက္ဆံပါ။
အခ်ိန္ကို တန္ဖိုးရွိစြာ အသုံးခ်ကဳန္လြန္ပါေစ။
အခ်ိန္ကို အက်ိဳးမဲ့ အခ်ီးအႏွီး မကုန္လြန္ပါေစႏွင့္
အခ်ိန္ပိုေနသည္ ထင္ပါက အတတ္ပညာ တစ္ခုခုကို သင္ယူပါ။
အခ်ိန္ပိုေနသည္ ထင္ပါက အသိပညာ တစ္ခုခုကို ေလ့လာပါ။
ယခု ရွိေသာအခ်ိန္ကို တန္ဖိုးရွိစြာ အသုံးခ်တတ္ပါေစ။
ကုန္လြန္သြားေသာ အခ်ိန္ကိုျပန္ယူ၍ မရနိုင္သလို မေရာက္ေသးေသာ အခ်ိန္ကို
မေမွ်ာ္မွန္းပါႏွင့္ လက္ရွိအခ်ိန္သည္ သင့္အတြက္ အဖိုးတန္ဆုံး အခ်ိန္ျဖစ္သည္။
ယခု ရွိေနေသာအခ်ိန္သည္ သင့္အတြက္ တန္ဖိုးရွိေသာအခ်ိန္ျဖစ္၍
တန္ဖိုးရွိစြာ အသုံးခ်တတ္ပါေစ။
အလုပ္ လုပ္ေနေသာ သူသည္ အမွားမကင္းနိုင္ပါ။
မည္သည့္အလုပ္မွ် မလုပ္ေသာသူသည္ မည္သည့္အမွားမွ် မရွိနိုင္ပါ။
အခက္အခဲမွန္သမွ် ႀကဳံေတြ႕လာလွ်င္ စိတ္ဓါတ္မက်ပဲ ႀကံႀကံခိုင္ ရင္ဆိုင္နိုင္မွ
ေလာကတြင္ ေအာင္ျမင္နိုင္သည္။
မည္သည့္ အခက္အခဲမဆို ေက်ာ္လႊား ျဖတ္သန္းနိုင္ေအာင္ႀကိဳးစားပါ။
သူတပါးကို အျပစ္ေျပာဆိုျခင္းကို တတ္နိုင္သမွ်ေရွာင္ပါ။
မိမိကိုယ္ကိုသာ ေဝဖန္စမ္းစစ္ပါ။
အလုပ္ လုပ္ေနေသာသူကို အလုပ္ မလုပ္ေသာ သူကျပစ္တင္ ေဝဖန္တတ္ပါသည္။
မိမိေကာင္းက်ိဳးကိုေရွ႕ရႈ ေဆာင္႐ြက္တတ္သလို ..ေလာက၊ သူတပါး၏
ေကာင္းက်ိဳးကိုလည္း ေဆာင္႐ြက္ပါ။
တစ္ေန႕တာျပဳမူေဆာင္႐ြက္ ေျပာဆို လုပ္ကိုင္ခ်က္မ်ားသည္ မိမိအက်ိဳး သူတပါးအက်ိဳး
သံသရာအက်ိဳး ရရွိမွသာ လူဘဝတြင္လူျဖစ္ရက်ိဳးနပ္၍ ေအာင္ျမင္ေသာ
လူသားတစ္ဦးျဖစ္နိုင္သည္။
မိမိ အတၱသာေရွ႕ရႈ၍ မိမိေကာင္းက်ိဳးသာ သိေသာသူသည္ က်င့္ေသာသူသည္ စည္းစိမ္ဥစၥာ
မည္မွ်ရွိေနေစ ရာထူးဂုဏ္ထူး မည္မွ်ရွိေနေစ ပညာမည္မွ်တတ္ေနေစ ထိုသူသည္
ေလာကတြင္ တစ္ခဏ တစ္ဘဝသာ ေအာင္ျမင္သည့္သူျဖစ္သည္။
ေနာင္သံသရာ ယၡဳဘ၀ လူသားစင္စစ္ဧကံ ျဖစ္ေနေသာ္လည္း လူျဖစ္ရႈံးေနေသာ
လူသား တစ္ဦးသာျဖစ္မည္ ။
ထိုသို႔ေသာလူအား ေအာင္ျမင္သည္ဟု မျမင္ထိုက္ပါ။
လူသားအျခင္းျခင္း ကူညီေစာင့္ေရွာက္ ေဖးမၾကင္နာ သနားငဲ့ျငာတတ္မွသာ
သင္သည္ လူ႕ဘဝတြင္ လူျဖစ္ရက်ိဳးနပ္၍ ေအာင္ျမင္ေသာလူသားစင္စစ္
ဧကံျဖစ္ေပလိမ့္မည္။
ေအာင္ျမင္ေသာလုပ္ရပ္ကို လုပ္ေဆာင္ျပဳမူေနေသာ ထူးခြၽန္ထက္ျမက္သည့္
လူဟုေခၚဆိုအပ္ေသာ လူျဖစ္ေပလိမ့္မည္။
သင္သည္တစ္ေန႕ တစ္ခ်ိန္တြင္ မုခ်ေအာင္ျမင္နိုင္ပါသည္။
ေအာင္ျမင္မႈသည္ သင္၏ လက္တစ္ကမ္းမွာ ရွိသည္။
Credit - Original Upload
မယ္ၿဖိဳး
Zawgyi version
Saturday, December 23, 2017
သူကြီးဘုရား ရွာသားကောင်းမှု
"သူကြီးဘုရား ရွာသားကောင်းမှု”
ရှေးအခါက ရွာလေးတစ်ရွာတွင်
ကိုးကွယ်စရာဘုရားစေတီ မရှိသောကြောင့်
ရွာအတွင်းမှ လူငယ်တစ်စုဟာ ဖူးမြော်ကိုးကွယ်စရာ စေတီဘုရားတစ်ဆူ တည်ထားကိုးကွယ်ရန် တိုင်ပင်၍ ရွာသူရွာသား အပေါင်းတို့အား လိုက်လံတိုက်တွန်းနိုးဆော်ကြလေသည်။
ရွာသားအပေါင်းတို့လဲ ဗုဒ္ဓဘာသာဝင်များပီပီ အားလုံးကအားတက်သရော ဝိုင်းဝန်းထောက်ခံကြသည်။
ဒါနဲ့လူတစ်စုလဲ ရွာသူရွာသားများတို့၏
ဆင်းဆင်းရဲရဲလုပ်ကိုင်ရှာဖွေရာမှ မိမိတို့၏
ချွေးနဲစာလေးတို့ဖြင့် လှူဒါန်းထားသော
ငွေတစ်စုကိုင်ကာ သူကြီးလုပ်သူအား
ဘုရားတစ်ဆူတည်ထားကိုးကွယ်မည့်အကြောင်း ပြောကြလေသည်။
သူကြီးလုပ်သူလဲ ရွာသားတို့၏စေတနာ
ထက်သန်စွာ လှူဒါန်းထားသောငွေကိုယူကာ
သူသဘောတူကြောင်းထောက်ခံလေသည်။
ရွာသူရွာသား အပေါင်းတို့လဲ ငွေပါဝင်
လှူဒါန်းရုံသည်မဟုတ် စေတီတည်သောအခါ
အားတက်သရော လုပ်အားဒါနပြုကြလေသည်။ သူကြီးလုပ်သူကတော့ ရေနွေးကြမ်းလေး သောက်လိုက် အမြည်းလေးစားလိုက်နဲ့
အုတ်တစ်ချပ်၊သဲတစ်ပွင့်တောင် လုပ်အား
ဒါနမပြုပေ။
ဒီလိုနဲ့ ဘုရားတည်ပြီးသောအခါ ထီးတော်တင်ရေစက်ချပြုကြလေသည်။ရွာသားများ၏စေတနာသည် အံ့သြချီးမွမ်းစရာ
ကောင်းလှသည်။စားစရာ မရှိချင်နေပါစေ
ဘုရားစေတီအတွက်လိုအပ်သမျှငွေကြေးကို
ခြစ်ခြုတ်လှူဒါန်းကြသည်။ထို့ကြောင့်
သူကြီးလုပ်သူလဲ တစ်ကျပ်တစ်ပြားမှ
လှူဒါန်းစရာမလိုတော့ပေ။
အောင်မြင်စွာတည်ထားကိုကွယ်လိုက်သော ရွာဦးစေတီကား အင်မတန်ကြည်ညိုစရာ
ကောင်းလှသည်။ရွာသားများ၏ ပျော်ရွှင်ခြင်းကို ကြည့်ကာ ဦးစီလုပ်ကိုင်သောလူတစ်စုလဲ
ဝမ်းသာပီတီဖြစ်ပြီး အပြုံးကိုယ်စီနဲ့ပေါ့။
သူတို့ထက်ပိုပြီး ပျော်နေသူကား သူကြီးပင်။
ရွာ၏ဂုဏ်ကိုဆောင်ရုံပင်မဟုတ်၊ သူကြီးရဲ့
ဂုဏ်ကိုယ်ပါ မြင့်နိုင်သည့်မို့ အားရဝမ်းသာ
မဆုံး တပြုံးပြုံးဖြစ်လို့နေသည်။
ဒီထက်ပိုပျော်စရာကောင်းသည်က တစ်ပြားမှ
လှူဒါန်းခြင်းမပြုရပါပဲ၊ အုတ်တစ်ချပ်၊သဲတစ်ပွင့်တောင် မှ မကိုင်ရပါပဲ ရွာသားတို့၏
စေတနာသဒ္ဒါတရားကိုအသုံးပြုကာ မိမိဂုဏ်
သိက္ခာမြင့်မားရေးအတွက် နောက်လာနောက်သားများ သိရှိစေရန် ဘုရားစေတီ၏ မုဒ်ဝ၌
"""" သူကြီးဘုရား'''''''ဟူသောဆိုင်းဘုတ်
အကြီးကြီးတင်လိုက်လေတော့သည်။ ရွာသားတို့လဲ ဆိုင်းဘုတ်ကိုဖတ်ကာ သူကြီးဘုရား ဆိုပါလားဟုသာ
ရေရွတ်ကြကုန်တော့သည်။
ရွာသားတို့၏ အလှူငွေ၊ လုပ်အားတို့၏
ကောင်းမှုအစုစုသည် ဘာမှမလုပ်ရသော
သူကြီးဘုရားဟုသာ အမည်တွင်သွားတော့သည်။
နာမည်တွင်တော့
...သူကြီးဘုရား ....
တကယ်တမ်း
ရွာသားကောင်းမှု......
ထို့ကြောင့်..
သူကြီးဘုရား...ရွာသားကောင်းမှုစကားပုံ
ထဲကသူကြီးလို အချောင်သမားပုဂ္ဂိုလ်ကြီးများသင့်ပတ်ဝန်းကျင်၌ တွေ့ခဲ့ပါက
အများကောင်းကျိုး သယ်ပိုးနေကြကုန်သော
သူတော်ကောင်းတို့ရေ...
ကိုယ့်စေတနာအတိုင်း ကိုယ်အကျိုးပေးမည်မို့
သည်ခံစိတ်လေးမွေးကာ
သာဓု ....သာခေါ်လိုက်ကြပါကုန်လော့...
မေတ္တာဖြင့်သာ ရေးသားပါသည်။
Credit - Han Tun Aung (p.ku)
Unicode version
ဒီနေ့တင်ပြုံးပြလိုက်ပါ
"ဒီနေ့တင်ပြုံးပြလိုက်ပါ”
____________________
မမြင်ချင်လည်းမြင်နေရတယ် ၊ မဆက်ဆံချင်လည်းဆက်ဆံ
နေရတယ် ဒီလိုတွေများလာတော့လိုက်လျောညီထွေစွာ
ဆက်ဆံတတ်လာပါပြီ ။
လူဆိုတဲ့အမျိုးက ကိုယ့်ထမင်းသာကိုယ်ကောင်းကောင်းရှာ
မစားချင်နေမယ် သူများထမင်းလုတ် ပုတ်ချဖို့ဝန်မလေး
တတ်ကြဘူး ။
ကိုယ့်မကောင်းကြောင်းသာပြောရင် မကြိုက်တတ်ကြတာ
သူများမကောင်းကြောင်းပြောဖို့ ဆိုနည်းနည်းမှ ဝန်မလေး
တတ် ကြပါဘူး ။
သူများအရိပ်သာ ချိုးဖျက်ခြင်တာ ကိုယ့်အရိပ်ကို ထိပါးလာ
ရင် ရန်သူလို့ သတ်မှတ်ထားကြတာ သဘာဝ ဒီလိုလူတွေထဲ
ကိုယ်သာမပါဖို့အရေးကြီးတယ် ။
ကိုယ်လည်းတချိန်က ငါ ဆိုတဲ့ အတ္တတွေအပြည့်ရှိခဲ့ဖူးတာ
ဝန်ခံရဲပါတယ် ။
ဒါပေမဲ့ ကိုယ့်ထက် အတ္တကြီးသူတွေ နဲ့ ဆက်ဆံမိတော့
သူတို့ရဲ့ လုပ်ရပ်တွေ မှားနေပါလားဆိုတဲ့ အသိတွေဝင်လာ
တယ် ။
ကိုယ့်ထက် အနိုင်ယူတတ်သူတွေနဲ့ ပေါင်းသင်းမိတော့
ငါ့ နေရာမှာ သူဆိုရင်ဆိုတဲ့ စာနာစိတ်တွေမွေးဖွားလာတယ် ။
လောကကြီးက ကောင်းသူတွေအတွက် ကောင်းသလို
စီမံတတ်သလို မကောင်းသူတွေအတွက် လည်း သူစီမံပေး
တတ်တာတွေ မြင်တွေ့ဖန်များလာတော့ သူတပါးအကျိုး
ပျက်စီးရာ ပျက်စီးကြောင်းကို စိတ်နဲ့တောင် မပစ်မှားရဲတော့
ပါဘူး ။
ကိုယ့်မျက်စိရှေ့မြင်နေရတဲ့ အတုန့်အလှည်တွေမြင်လာတော့ ကိုယ့်ကိုယ်အကြောင်းပြုပြီး တပါးသူမျက်ရည်ကျမှာ
အကြောက်ဆုံးပဲ ။
ဒါပေမဲ့ လူတချို့ရှိတယ် အသိခေါက်ခက် အဝင်နက်နေကြ
တာ ……
သူတို့သိပါတယ် တတ်ကြပါတယ် မလိုက်နာကြဘူး
တပါးသူကို အမျိုးမျိုး နှောက်ယှက်ပြီးပျော်ရွှင်မှုကို ရယူနေ
ကြတာတွေ ။
သူတို့ကြောင့် တပါးသူတွေ ဒုက္ခတွေ့မျက်ရည်ကျတာကို
ဥပက္ခာပြု ပြီး ပျော်ရွှင်မှုတွေဖန်တီးနေကြတာ ။
အနိုင်ယူလို့ ရတဲ့သူကို မျက်နှာပြောင်တိုက် အနိုင်ယူ
တတ်ကြတာတွေ ။
နေတတ်ထိုင်တတ်တဲ့ လူတွေကိုတောင် အကြောင်းမဲ့ သွားပြီး
နှဲ့အောင်လုပ်နေတတ်သေးတယ် ။
ဘုရားအဆုံးအမကို အမှန်တကယ် သက်ဝင်ယုံကြည်သူတွေ
ဒီလိုလုပ်ရပ်ကို ဘယ်တော့မှ မလုပ်ဘူး ဝဋ်ကြွေးကို
ဝေးဝေးကရှောင်ကြတယ် ။
ဝဋ်ကြွေးဆိုတာ လက်ငင်းမပေး ပေမဲ့ နောင်ဘဝအထိ
မကူးတော့ဘူး ဒီဘဝမှာတင် ဆပ်ခဲ့ရမှာပါ ။
- အနိုင်လိုသူကိုလည်း အရှုံးပေးလိုက်တယ် စကားနည်းရန်စဲပေါ့ ။
- တမင်တိုက်ခိုက်လာရင် ရှောင်နေလိုက်တယ် အငြိုးတွေ
မရှိတော့ ရန်သူဆိုတာမရှိတော့ဘူးလေ ။
လူဆိုတာအပြစ်လွတ်အောင်နေတတ်ဖို့ ခဲရင်းပါတယ် ။
ဒါပေမဲ့ နေတတ်အောင် နေတတ်ရပါမယ် ။
သက်ရောက်မှုတိုင်းတန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့
နေရာမှာ နယူတန်ပြောတဲ့ နိယာမသာမှန်ကန်ခဲ့ရင်
အမုန်းတရားဆိုတာ မေတ္တာထားတတ်သူတွေအတွက်
ဆေးဖက်ဝင်စေမှာပါ ။
ဘယ်သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်း
အောင်နေထိုင်ရင်း အသက်ရှင်သန်မှုတွေလေးနက်လာစေ
ပါတယ် ။
မနက်ဖြန်တောင် ကိုယ်မပိုင်တဲ့လူ့ဘဝကြီးထဲ
ဒီနေ့မှာတင် အပြုံးတွေပေးကြည့်လိုက်ပါ လောကကြီး
လှပသာယာနေပါ လိမ့်မယ် ။
#MayNoe(3/16/2017)
စာသားတွေကိုကြိုက်ရင် လွတ်လပ်စွာ share နိုင်ပါတယ်
copy ယူရင် ကျေးဇူးပြုပြီး credit ပေးပေးပါ။
ိ
Ref: Buzz News
Unicode version
"ဒီေန႕တင္ၿပဳံးျပလိုက္ပါ”
____________________
မျမင္ခ်င္လည္းျမင္ေနရတယ္ ၊ မဆက္ဆံခ်င္လည္းဆက္ဆံ
ေနရတယ္ ဒီလိုေတြမ်ားလာေတာ့လိုက္ေလ်ာညီေထြစြာ
ဆက္ဆံတတ္လာပါၿပီ ။
လူဆိုတဲ့အမ်ိဳးက ကိုယ့္ထမင္းသာကိုယ္ေကာင္းေကာင္းရွာ
မစားခ်င္ေနမယ္ သူမ်ားထမင္းလုတ္ ပုတ္ခ်ဖိဳ႕ဝန္မေလး
တတ္ၾကဘူး ။
ကိုယ့္မေကာင္းေၾကာင္းသာေျပာရင္ မႀကိဳက္တတ္ၾကတာ
သူမ်ားမေကာင္းေၾကာင္းေျပာဖို႔ ဆိုနည္းနည္းမွ ဝန္မေလး
တတ္ ၾကပါဘူး ။
သူမ်ားအရိပ္သာ ခ်ိဳးဖ်က္ျခင္တာ ကိုယ့္အရိပ္ကို ထိပါးလာ
ရင္ ရန္သူလို႔ သတ္မွတ္ထားၾကတာ သဘာဝ ဒီလိုလူေတြထဲ
ကိုယ္သာမပါဖို႔အေရးႀကီးတယ္ ။
ကိုယ္လည္းတခ်ိန္က ငါ ဆိုတဲ့ အတၱေတြအျပည့္ရွိခဲ့ဖူးတာ
ဝန္ခံရဲပါတယ္ ။
ဒါေပမဲ့ ကိုယ့္ထက္ အတၱႀကီးသူေတြ နဲ႕ ဆက္ဆံမိေတာ့
သူတို႔ရဲ႕ လုပ္ရပ္ေတြ မွားေနပါလားဆိုတဲ့ အသိေတြဝင္လာ
တယ္ ။
ကိုယ့္ထက္ အနိုင္ယူတတ္သူေတြနဲ႕ ေပါင္းသင္းမိေတာ့
ငါ့ ေနရာမွာ သူဆိုရင္ဆိုတဲ့ စာနာစိတ္ေတြေမြးဖြားလာတယ္ ။
ေလာကႀကီးက ေကာင္းသူေတြအတြက္ ေကာင္းသလို
စီမံတတ္သလို မေကာင္းသူေတြအတြက္ လည္း သူစီမံေပး
တတ္တာေတြ ျမင္ေတြ႕ဖန္မ်ားလာေတာ့ သူတပါးအက်ိဳး
ပ်က္စီးရာ ပ်က္စီးေၾကာင္းကို စိတ္နဲ႕ေတာင္ မပစ္မွားရဲေတာ့
ပါဘူး ။
ကိုယ့္မ်က္စိေရွ႕ျမင္ေနရတဲ့ အတုန့္အလွည္ေတြျမင္လာေတာ့ ကိုယ့္ကိုယ္အေၾကာင္းျပဳၿပီး တပါးသူမ်က္ရည္က်မွာ
အေၾကာက္ဆုံးပဲ ။
ဒါေပမဲ့ လူတခ်ိဳ႕ရွိတယ္ အသိေခါက္ခက္ အဝင္နက္ေနၾက
တာ ……
သူတို႔သိပါတယ္ တတ္ၾကပါတယ္ မလိုက္နာၾကဘူး
တပါးသူကို အမ်ိဳးမ်ိဳး ေႏွာက္ယွက္ၿပီးေပ်ာ္႐ႊင္မႈကို ရယူေန
ၾကတာေတြ ။
သူတို႔ေၾကာင့္ တပါးသူေတြ ဒုကၡေတြ႕မ်က္ရည္က်တာကို
ဥပကၡာျပဳ ၿပီး ေပ်ာ္႐ႊင္မႈေတြဖန္တီးေနၾကတာ ။
အနိုင္ယူလို႔ ရတဲ့သူကို မ်က္ႏွာေျပာင္တိုက္ အနိုင္ယူ
တတ္ၾကတာေတြ ။
ေနတတ္ထိုင္တတ္တဲ့ လူေတြကိုေတာင္ အေၾကာင္းမဲ့ သြားၿပီး
ႏွဲ႕ေအာင္လုပ္ေနတတ္ေသးတယ္ ။
ဘုရားအဆုံးအမကို အမွန္တကယ္ သက္ဝင္ယုံၾကည္သူေတြ
ဒီလိုလုပ္ရပ္ကို ဘယ္ေတာ့မွ မလုပ္ဘူး ဝဋ္ေႂကြးကို
ေဝးေဝးကေရွာင္ၾကတယ္ ။
ဝဋ္ေႂကြးဆိုတာ လက္ငင္းမေပး ေပမဲ့ ေနာင္ဘဝအထိ
မကူးေတာ့ဘူး ဒီဘဝမွာတင္ ဆပ္ခဲ့ရမွာပါ ။
- အနိုင္လိုသူကိုလည္း အရႈံးေပးလိုက္တယ္ စကားနည္းရန္စဲေပါ့ ။
- တမင္တိုက္ခိုက္လာရင္ ေရွာင္ေနလိုက္တယ္ အၿငိဳးေတြ
မရွိေတာ့ ရန္သူဆိုတာမရွိေတာ့ဘူးေလ ။
လူဆိုတာအျပစ္လြတ္ေအာင္ေနတတ္ဖို႔ ခဲရင္းပါတယ္ ။
ဒါေပမဲ့ ေနတတ္ေအာင္ ေနတတ္ရပါမယ္ ။
သက္ေရာက္မႈတိုင္းတန္ျပန္သက္ေရာက္မႈရွိတယ္ဆိုတဲ့
ေနရာမွာ နယူတန္ေျပာတဲ့ နိယာမသာမွန္ကန္ခဲ့ရင္
အမုန္းတရားဆိုတာ ေမတၱာထားတတ္သူေတြအတြက္
ေဆးဖက္ဝင္ေစမွာပါ ။
ဘယ္သူေကာင္းေကာင္းမေကာင္းေကာင္း ကိုယ္ေကာင္း
ေအာင္ေနထိုင္ရင္း အသက္ရွင္သန္မႈေတြေလးနက္လာေစ
ပါတယ္ ။
မနက္ျဖန္ေတာင္ ကိုယ္မပိုင္တဲ့လူ႕ဘဝႀကီးထဲ
ဒီေန႕မွာတင္ အၿပဳံးေတြေပးၾကည့္လိုက္ပါ ေလာကႀကီး
လွပသာယာေနပါ လိမ့္မယ္ ။
#MayNoe(3/16/2017)
စာသားေတြကိုႀကိဳက္ရင္ လြတ္လပ္စြာ share နိုင္ပါတယ္
copy ယူရင္ ေက်းဇူးျပဳၿပီး credit ေပးေပးပါ။
ိ
Ref: Buzz News
Zawgyi version
https://m.facebook.com/story.php?story_fbid=144199752904792&id=143212173003550
http://www.generalknowledge456.blogspot.com
“ ဘဝနေဝင်ချိန်မှာ လှပစေဖို့ ”
••••••••••••••••••••••••••••
၁။ ကိုယ်ပျော်ရွှင် ရယ်မောနေချိန်မှာ တဖက်သား
မှာတော့ မျက်ရည်တွေကျမနေပါစေနဲ့။
၂။ ဘဝဆိုတာ တိုတိုလေးပါ။ ကံတရားရဲ့
အတုံ့အလှည့်ဆိုတာ ဘယ်သူကိုမှ မျက်နှာသာ
မပေးပါဘူး။
၃။ ကိုယ်ဖန်တီးတဲ့ ကံကြမ္မာဟာ ကိုယ့်
အတွက်ရိက္ခာတွေပါပဲ။ အဲဒီရိက္ခာသည်လည်း
သင့်အတွက်ကောင်းတဲ့ ရိက္ခာပဲဖြစ်ပါစေ။
၄။ ကိုယ့်ပျော်ရွှင်မှုဟာ သူတပါးရဲ့ နှလုံးသွေးနဲ့
ခြေဆေးခဲ့ရင် သင်သည်လည်း နောင်တချိန်မှာ
ဝမ်းနည်းပူဆွေးမှုတွေ မလွဲမသွေ ကြုံရမယ်ဆိုတာ
မမေ့ပါနဲ့။
၅။ သူတစ်ပါးရဲ့ ဘဝကို ခြနင်းပြီးမှ ကိုယ့်ဘဝ
အဆင်ပြေမယ်ဆိုရင် အဲဒီဘဝကို စွန့်လွှတ်
လိုက်ပါ။ အရာရာကို ကိုယ်ချင်းစာ နားလည်
ခွင့်လွှတ်ခြင်းက သင့်ဘဝကို ပိုမိုလှပစေပါတယ်။
- “ဌေး”သာမဏေကျော်ဆရာတော်
Ref: Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
Unicode version
“ ဘဝေနဝင္ခ်ိန္မွာ လွပေစဖို႔ ”
••••••••••••••••••••••••••••
၁။ ကိုယ္ေပ်ာ္႐ႊင္ ရယ္ေမာေနခ်ိန္မွာ တဖက္သား
မွာေတာ့ မ်က္ရည္ေတြက်မေနပါေစနဲ႕။
၂။ ဘဝဆိုတာ တိုတိုေလးပါ။ ကံတရားရဲ႕
အတုံ႕အလွည့္ဆိုတာ ဘယ္သူကိုမွ မ်က္ႏွာသာ
မေပးပါဘူး။
၃။ ကိုယ္ဖန္တီးတဲ့ ကံၾကမၼာဟာ ကိုယ့္
အတြက္ရိကၡာေတြပါပဲ။ အဲဒီရိကၡာသည္လည္း
သင့္အတြက္ေကာင္းတဲ့ ရိကၡာပဲျဖစ္ပါေစ။
၄။ ကိုယ့္ေပ်ာ္႐ႊင္မႈဟာ သူတပါးရဲ႕ ႏွလုံးေသြးနဲ႕
ေျခေဆးခဲ့ရင္ သင္သည္လည္း ေနာင္တခ်ိန္မွာ
ဝမ္းနည္းပူေဆြးမႈေတြ မလြဲမေသြ ႀကဳံရမယ္ဆိုတာ
မေမ့ပါနဲ႕။
၅။ သူတစ္ပါးရဲ႕ ဘဝကို ျခနင္းၿပီးမွ ကိုယ့္ဘဝ
အဆင္ေျပမယ္ဆိုရင္ အဲဒီဘဝကို စြန႔္လႊတ္
လိုက္ပါ။ အရာရာကို ကိုယ္ခ်င္းစာ နားလည္
ခြင့္လႊတ္ျခင္းက သင့္ဘဝကို ပိုမိုလွပေစပါတယ္။
- “ေဌး”သာမေဏေက်ာ္ဆရာေတာ္
Ref: Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
Zawgyi version
generalknowledge456.blogspot.com
PQ - IQ - EQ - SQ - CQ ဉာဏ္ရည္ထက္ျမက္မႈငါးရပ္ -------------------------------- လူတစ္ေယာက္ရဲ႕ ဉာဏ္ရည္ထက္ျမက္မႈကုိ သာမန္အားျဖင့္ (IQ) နဲ႔တု...
-
မြေခွေး နှင့် ကျီးကန်း ✏ ✏ ✏ ✏ ✏ ✏ တစ်ခါတုန်းက ... ကျီးကန်းတစ်ကောင်ဟာ အမဲသားတစ်တစ်တုံးကို ချီပြီး သစ်ပင်ပေါ်မှာနားနေသတဲ့ ... အဲဒီအချိန...
-
"သူကြီးဘုရား ရွာသားကောင်းမှု” ရှေးအခါက ရွာလေးတစ်ရွာတွင် ကိုးကွယ်စရာဘုရားစေတီ မရှိသောကြောင့် ရွာအတွင်းမှ လူငယ်တစ်စုဟာ ဖူးမြော်ကိုးကွယ်...
-
"ဆောင်းဥတုတွင် ရေချိုးရမည့်အချိန်" ========================= ဆောင်းဥတုတွင် အေးသည်ဟု ဆိုကာ ရေမချိုးဘဲ မနေသင့်ပေ။ အအေးပတ်မည် စိုးသ...